Part 84

545 62 0
                                    


CHAPTER (84)

‌ထို့နောက် ဝမ်ပါး မနေနိုင်ဘဲ မေးမိသည်။

"မင်း ဘယ်ဗျူဟာကို ပြောနေတာလဲ"

"ဒါက စစ်ဗျူဟာပဲ စစ်သူကြီးတစ်ယောက်က ဗျူဟာဆင်ဖို့အတွက် တပ်သားဘယ်လိုအသုံးချရမလဲ လေ့လာသင်ကြားထာရဖို့လိုအပ်တယ် ဒီစစ်ဗျူဟာကို ချီမန်သုန့်ကျာကနေ ပြောင်းလဲယူထားတာ" ဟယ်ယန် ရှင်းပြလျက် "ပြောရရင်တော့ အရှည်‌ကြီးပဲ ဒါပေမဲ့ ဒီဗျူဟာက..."

"ဘာဖြစ်လို့လဲ" စီတုံ မေးလိုက်သည်။

"ဒါက စစ်ဗျူဟာတစ်ခုမဟုတ်ဘူး ဒါက သာမန်အဋ္ဌဂံဗျူဟာပဲ"

ဟယ်ယန် ဖြေကြားလိုက်သည်။ ဘာကြောင့် ဤနေရာ၌ ဗျူဟာဆင်ထားသနည်းဆိုသည်ကို ဟယ်ယန် တကယ်နားမလည်ပေ။ တောင်တက်လာခဲ့စဉ် ဤဗျူဟာမရှိခဲ့လျက် ဝမ်ရှောင်ဟန်နှင့် တခြားသူများလည်း ကြုံတွေခဲ့ရဟန် မရှိ။ ၎င်းမှာ မိမိတို့အဖို့ သီးသန့်ဆင်ထားခြင်း သို့မဟုတ် မိမိတစ်ဦးတည်းကို ရည်ရွယ်၍ ပြုလုပ်ထားနေဟန်ရှိပြီး အဘယ်ကြောင့် ဤသို့ ဆင်ထားခဲ့ရပါနည်း။

"ဒါဖြင့် ကျုပ်တို့ ဗျူဟာကနေ လွတ်နိုင်ပါ့မလား"

ကျန်းကျောက်မှ ဟယ်ယန့်ကို စူးစိုက်ကြည့်ပြီး ထပ်မေးလိုက်သည်။

"ဒါပေါ့ လွတ်နိုင်တယ်"

ဤတစ်ကြိမ်တွင် ဟွမ်ရှုံ့လည်း အံ့ဩသွားပြီး

"မင်းက ဒီလိုဗျူဟာကိုလည်း သိတယ်ပေါ့လား"

ဟယ်ယန်မှ ပြုံးလျက် "နည်းနည်းပါးလောက်ပဲ သိတာပါ"

သူ၏ 'နည်းနည်းပါးပါး' ဟူသည် 'အလွန်နှံ့စပ်' သည့်အဓိပ္ပာယ်ဖြစ်သည်။ အားလုံး ဆွံ့အကုန်ကြသည်။ တောင်ပေါ်၌ ၎င်းတို့ အ‌ခြေနေကို စောင့်ကြည့်ရန် အမှောင်ရိပ်ခိုနေသည့် အစောင့်များရှိနေလိမ့်မည်ကို ဟယ်ယန် သိသည်။ လက်ရှိ၌ မိမိ၏အပြောအဆို၊အပြုမူများကို အ‌မှောင်ရိပ်အတွင်းရှိ မျက်လုံးများမှ စောင့်ကြည့်ကောင်း ကြည့်နေကြမည်ဖြစ်သဖြင့် ကောင်းကောင်းမဆောင်ရွက်နိုင်ကြောင်း ဖော်ပြ၍ မဖြစ်ပေ။

ရှောင်ကျွယ်မှ မိမိအဖို့သီးသန့် ဤဗျူဟာဆင်ခိုင်းနိုင်ခဲ့သလော။ ထို့အပြင် ဗျူဟာဖျက်ရသည့် 'အလံဖမ်းပြိုင်ပွဲ' အကြောင်း ဟယ်ယန် မကြားခဲ့ဖူးချေ။ နဝမအောင်လံတပ်ရပ်သို့ လွယ်လွယ်ဝင်နိုင်မည့်ပုံ မရှိ။ နဝမအောင်လံတပ်ရင်းမှ တပ်သားတိုင်းသည် ‌ဗျူဟာဖျက်နိုင်ကြသော် ထိုတပ်ရင်းသည် ပေါ့ပေါ့သေးသေး တပ်ရင်းမျိုးမဖြစ်နိုင်။ ရှောင်ကျွယ်၌ ထိုကဲ့သို့ သံချပ်ကာယန္တယားတပ်ရင်းမျိုး ရှိနေခဲ့သဖြင့် ထိုသူ့အား မတားဆီးနိုင်သည်မှာ အံ့ဩစရာမဟုတ်ခဲ့ပေ။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးDove le storie prendono vita. Scoprilo ora