Part 86

1K 92 1
                                    


CHPATER (86)

‌တောက်ပနေသောလမင်းနှင့် နှင်းစက်လေးများ ငွေစသဖွယ် ရွှန်းစိုလို့နေသည်။ မြက်ခြုံတောတို့ကို ရှင်းလင်းစွာမြင်နေရသည်။ မီးပုံမှ အလင်းရောင်နွေးနွေးလေးထုတ်ပေးပြီး ကျော့ရှင်းလှပသည့် ဂန္တဝင်ဆန်ဆန် အငွေ့သက်တစ်ခုကို ဖန်တီးပေးနေသည်။ ‌တပ်သားအသစ်များ ခေါင်းငုံ့သောက်စားလိုက်၊ ‌လမင်းအလှ၌ နစ်မြောရန် မော့ကြည့်လိုက်ဖြင့် လျန်ကျိုးခံတပ်အတွင်း ဆန်းပြားသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်စေနေသည်။ ရံဖန်ရံခါ ဆောင်းဦးလေပြေကြောင့် ထွက်ပေါ်လာသည့် မီးတောက်များမှ အဝတ်များမီးဟပ်မည်ကိုပင် စိုးရိမ်ရလောက်သည်။ သို့သော်လည်း ထိုမီးတောက်လေးများမှ မီးစလေးများအသွင်ပြောင်း၍ တိတ်တဆိတ်ရှိုက်ငိုသံတို့ကို အဖော်ပြုပေးခဲ့သည်။ တရှုံ့ရှုံ့ငိုနေသည့် ရှောင်မိုင်မှ

"‌အမေနဲ့အဖေနဲ့မျက်နှာကို မေ့တောင်မေ့နေပြီ..."

"ငါဆို ပိုတောင်ဆိုးသေး" ဝမ်ပိုင် မျက်နှာသေဖြင့် ပြောချလိုက်သည်။ "ငါဆို အ‌မေအဖေမျက်နှာ မမြင်ဖူးဘဲ ကြီးလာရတာ"

ဟယ်ယန် : "...."

လက်မြှောက်၍ အရက်ခွက်ကို အားပါးတရမော့သောက်ပြီး မိမိကိုယ်ကိုယ် စိတ်ငြိမ်စေရန် ကြိုးစားလိုက်သည်။ မူလတွင် မိမိအားနှစ်သိမ့်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ မည်သူပိုဆိုးသလဲ အဖြစ်သို့ နှိုင်းယှဉ်ပြောင်းလဲသွားခဲ့သည်။ ကျန်တပ်သားများ ရယ်သံများဖြင့် ရယ်‌မော၊ပျော်ပါးနေစဉ် ၎င်းတို့အဖွဲ့နေရာ၌ အုံ့မှိုင်းမှုတို့ နေရာယူထားသည်။ ဝမ်ပိုင်နှင့် ရှောင်မိုင်တို့ ခေါင်းချင်းဖက် ငိုယိုနေကြသည်ကိုကြည့်ပြီး ကျန်းမျိုးရိုးသခင်လေး ကျန်ကျောင်းမူ မျက်လုံးများနီမြန်းလျက် ငြိမ်ငြိမ်လေး အရက်သောက်နေသဖြင့် ဟယ်ယန် ပြောစရာစကားများပင် ပျောက်ရှနေသည်။ မည်သူမှ မည်သူ့ကို နှစ်သိမ့်ပေးနေသည်ကို မသိ။ ကောင်လေးအား ဟွမ်ရှုံ့တစ်ချက်ငဲ့ကြည့်ပြီး

"ညီလေးဟယ် မိတ်ဆွေလေး မင်းအတော်သောက်နိုင်ပါလား"

ဟယ်ယန် ဆွံ့အသွားပြီး ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်သည်။ မသိလိုက်မီ အရက်သုံးပန်းကန် ကုန်သွားနှင့်ခဲ့ပြီ။ နဂိုသခင်မလေးဟယ် ခံနိုင်ရည်မည်မျှ ရှိမည်ကိုမသိသော်လည်း နူးညံ့လှသည့်သခင်မလေးမှ ဤကဲ့သို့ ရနံ့ပြင်းပြင်း သေရည်ပြင်းကို ခွက်နှုတ်ခမ်းပဲ့နှင့် သေချာပေါက် သောက်ခဲ့ဖူးမည်မဟုတ်။ သို့သော်လည်း ယခင်သေနာပတိဖေးဟုန်သာဆိုသော် ဤအခြေနေမျိုးနှင့် ရင်းနှီးနေသားကျနေပြီ ဖြစ်၏။ အေးချမ်းနေစဉ်၊ ကြောက်ရွံ့နေစဉ်၊ စိတ်ခံစားချက်မကောင်းစဉ်၊ ဆာလောင်နေစဉ်၊ သေရည်ခွက်သာ လက်အတွင်းရှိသော် အခက်အခဲများမှ ယာယီကျော်လွှားနိုင်၏။ သေရည်သည် နွေးစေ၏။ ဆုံးဖြတ်ချက် ခိုင်မာစေပြီး ဗိုက်ပြည့်စေ၍ ဝမ်းနည်းမှုတို့ မျှောချနိုင်သည်။ ယခင်ရှို့ကျင်၌ ရှိခဲ့စဉ် မတော်တဆ မိမိသရုပ်မှန်ပေါ်မည်စိုး၍ တတ်နိုင်သမျှ သေရည်ရှောင်ခဲ့ရသည်။ သို့သော် မော့တိုင်းပြည် ဖူယွဲ့စစ်တပ်အတွင်းရောက်ခဲ့စဉ် သေရည်နှင့်စတင်ရင်းနှီးခဲ့သည်။ အသိမှတ်ပြုနိုင်လောက်သည့် ခံနိုင်ရည်ရရှိခဲ့ပြီး ရဲမက်ငယ်များအားလုံးထက် ပိုသောက်နိုင်ခဲ့၏။ တစ်ခါတစ်ရံ အောင်ပွဲခံနေကြစဉ် သူသာလျှင် စားသောက်ပွဲ၌ တစ်ဦးတည်းထီးတည်း မမူးပဲကျန်နေသူ ဖြစ်ခဲ့သေး၏။ အံ့ဩစရာဖြစ်နေသည်မှာ စီတုံ့ပင်။ တောင်ပေါ်၌ ကြီးပြင်းခဲ့ရပြီး သန်မာခက်ထန်ဟန်ရှိသည့် စီတုံကို အလွန်မှ အမူးခံနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ခွက်တစ်ဝက်မျှသာသောက်ခဲ့ပြီး အမူးလွန်သွားသဖြင့် နောက်ပြန်လဲ၍ အိပ်ပျော်သွားခဲ့သည်။ ကျန်ခွက်တစ်ဝက်ကို ညီဖြစ်သူရှောင်မိုင်မှ ကောက်ယူ၍ ဝမ်ပိုင်နှင့်အတူ အဖော်ပြု ခွက်မြှောက်ပြီး

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now