CHAPTER (82) လွေဟို
ဟယ်ယန်တို့အဖွဲ့ တောင်အောင်ဆင်းလာကြသည်။ ဤလူငယ်လေးသည် နှိမ့်ချမှုနှင့် ရင်းနှီးဟန်မရှိ၊ ယုံကြည်မှုရှိသော်လည်း မမောက်မာဘဲ အမြဲလိုလို တည်ငြိမ်သောအမူအရာတို့ကို ဖော်ပြနေသည်။ မည်သို့ဆိုစေ တစ်ပါးသူအား ယုံကြည်စေနိုင်သည့်အစွမ်းအစ ပိုင်ဆိုင်ထား၏။ အနည်းဆုံး လက်ရှိအချိန်အထိ သူ၏စကားလုံးများကို လုပ်ရပ်များဖြင့် သက်သေပြခဲ့သည်။
အလံခြောက်ခုလုံးကို ကျန်းကျောက်မှ လုံခြုံစွာသိမ်းထား၍ အချိန်အနည်းငယ်မျှ လမ်းလျှောက်ပြီးနောက် ၎င်းတို့တောင်ထိပ်မှ အတော်ဝေးလာခဲ့ပြီး တောင်စောင်းနားသို့ ရောက်ရှိလာကြသည်။ ဟယ်ယန် နား၍ အကြံပြုလိုက်သည်။
"ဒီနေရာမှာ ခဏနားကြရအောင်"
အားလုံးရောက်ရာနေရာ၌ ထိုင်ချလိုက်ပြီး ဟယ်ယန် သစ်ပင်တစ်ပေါ်တက်ကာ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်သည်။ ဝမ်ပါးမှ
"မင်းဘာလုပ်နေတာလဲ"
"ပန်းကန်ပြားနင်းနေတာ"
ဟယ်ယန် ပြန်ဖြေလိုက်သည်။
"ဓားပြတိုက်တာကျွမ်းနေတာတောင် ပန်းကန်ပြားနင်းနေတုန်းလား" ဝမ်ပါး ဟက်ခနဲတစ်ချက်ရယ်ပြီး "မင်း တမင်သက်သက် ဟန်ဆောင်နေတာလား"
ဟယ်ယန် ဘေးပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်ပြီး သစ်ပင်ပေါ်မှ ပြန်ဆင်းလာကာ ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်လိုက်သည်။ သူမှ
"ဒီဟာက ကျုပ်တို့ နောက်ဆုံးနားခြင်းပဲ ကျုပ်တို့ ပါးနပ်တဲ့နည်းသုံးနေလို့ တစ်ချီတည်းနဲ့ နိုင်ဖို့လိုတယ် မဟုတ်ရင် အလံခြောက်ခုတည်းနဲ့ ကျုပ်တို့ ပထမရဖို့မသေချာဘူး"
"သူတို့ ဒီနေရာကနေ တကယ်ဖြတ်သွားပါ့မလား"
ကျန်းကျောက် နောက်လှည့်ကြည့်ပြီး ထူထဲသောတောအုပ်မှ အရာရာကိုဖုံးအုပ်ထားလျက် အရိပ်တစ်ခုပင် မမြင်ရပေ။
"တောင်ပေါ်မှာ လမ်းအများကြီးရှိတဲ့အပြင် တောင်ကလည်း အကျယ်ကြီး သူတို့တခြားလမ်းရွေးသွားရင်ရော"