Part 2

253 39 0
                                    

လင်းဖန်ကသူသေသွားပြီလို့ထင်ခဲ့သည်။

ဒါပေမဲ့ သူ့နောက်ကျော၊လက်တွေနဲ့ခြေထောက်တွေဆီကနေလာတဲ့နာကျင်မှုတွေက သူ့ကိုလက်တွေ့ဘ၀ထဲကိုပြန်ရောက်သွားစေခဲ့တယ်၊၊

ဒီလိုနာကျင်မှုမျိုးက လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကသူခံစားခဲ့ရတဲ့ကိုယ်တွင်းအဂ်ါချို့ယွင်းမှုကြောင့်ဖြစ်တဲ့နာကျင်မှုနဲ့မတူဘူးဆိုတာ သူသဘောပေါက်လိုက်သည်။

သူ့ရဲ့နာကျင်မှု‌‌ကသူထိုးကြိတ်ကန်ကျောက်ခံနေရတယ်ဆိုတာ ပြနေတယ်။

ဒီလိုဆို ဖြစ်နိုင်တာကသူအသက်ရှင်နေသေးတယ်......."

ဒီကောင်ကတော်တော်အားနည်းတာပဲ ။

"ငါတို့သူ့ကိုထပ်မလုပ်ကြတာပိုကောင်းမယ်မဟုတ်ရင်ငါတို့ဒုက္ခရောက်လိမ့်မယ်။"လို့လူတစ်ယောက်ဆီကအသံထွက်လာတယ်။

"ဟမ့်!ငါတို့ကသူ့ကိုဒုက္ခပေးရင်တောင် အရေးမကြီးဘူး။ သူ့လို အရေးမပါတဲ့ကောင်မျိုးကို ဘယ်သူကမှဂရုမစိုက်ဘူး"

"မင်းတို့နှစ်ယောက်သူ့ဆီမှာရှာကြည့်ကြ
သူ့မှာပိုက်ဆံတစ်ပြားမှမရှိဘူးဆိုတာ ငါမယုံဘူး။"

"ဟုတ်ကဲ့"

တစ်ယောက်ယောက်က သူ့အနားကိုလာတာမြင်တော့ လင်းဖန် သူ့လက်သီးကိုဆုပ်လိုက်တယ်။

"သေစမ်း... မင်းကမင်းရဲ့ပိုက်ဆံတွေကို လက်မှာဆုပ်ထားတာပဲ"

ထိုလူကလင်းဖန်ကို ကန်လိုက်ပြီး လင်းဖန်လက်ထဲကပိုက်ဆံတွေကို ယူလိုက်တယ်။

"အကိုကြီး သူ့လက်ထဲမှာအကြွေစေ့တစ်စေ့ပဲရှိတယ်"

"အကြွေ‌‌တစ်‌ေစ့ပဲလား။ ချီးး! မင်းကငါ့အချိန်တွေကိုလာဖြုန်းနေတာလား။"

ထို့နောက်သူတို့သည် လင်းဖန်ကို ကန်ကျောက်ကြပြန်သည်။

လင်းဖန်ကသူ့ဉီးခေါင်းကိုလက်ဖြင့်ကာပြီး မြေကြီးပေါ်တွင်လှဲနေသည်။ သူကအရိုက်ခံနေရတယ်ပေမဲ့ ထူးဆန်းစွာပဲ သူ့ရဲ့မျက်လုံးတွေကတော့ ရှုပ်ထွေးမှုကနေ တည်ငြိမ်ခြင်းသို့ပြောင်းလဲသွားသည်။  သူအနည်းငယ်တောင်စိတ်လှုပ်ရှားနေတဲ့ပုံပေါ်နေသည်။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ်Where stories live. Discover now