Part 39

342 31 0
                                    

"ကျားသစ် နောက်တစ်ကြိမ်ကျရင် ငါ့အတွက်
ပိုပီးသန်မာတဲ့ ပြိုင်ဘက်ရွေး‌ပေးနိုင်တယ်"

"ဟားဟား မင်းမပြောဘူးဆိုရင် တောင် ငါအဲ့လိုပဲလုပ်မှာပါ ကျေးဇူးကွာမင်း ကြောင့်ငါပိုက်ဆံ တွေအများကြီးရလိုက်ပြီ။မင်းအားပြီလား?
ငါနဲ့အတူသွား သောက်ရအောင်"

လင်းဖန်က ကျားသစ်ရဲ့ပခုံးကိုပုတ်လိုက်ပြီငြင်းလိုက်တယ်
"ကျေးဇူး ဒါပေမဲ့ ငါ့မှာတခြားလုပ်စရာတွေရှိသေးတယ်။ပြီးတော့ ငါမင်းကိုအကူအညီ တောင်းစရာရှိတယ်"

"ကိစ္စမရှိဘူး မင်းအကူအညီ‌တောင်းဖို့ဆိုရင်တော့မင်း‌လူရွေးမှန်သွားပြီ။ဘာလို့လဲမင်းသိလား?။ဒီလုဟေးခရိုင်မှာငါမသိ...."

လင်းဖန်က ကျားသစ်ကိုစကားဖြတ်ပြောလိုက်တယ်
" မင်းမသိတာဘာမှမရှိဘူး။ ခရိုင်မှူးရဲ့မိန်းမကအမြွှာပူးလေးလိုချင်နေတယ်။ဝမ်းမျိုးရိုး နေထိုင်တဲ့တောင်ဘက်လမ်းမှာကျေးလတ်ခွေးမလေးရှိတယ် သိပ်မကြာဘူး သူက huskyခွေးလေးတစ်ကောင်ကိုမွေးလိုက်တယ်။"

"ဟေ့ ကောင်လေး မင်းဘာလို့စကားဖြတ် ပြောရတာလဲ?ကောင်းပြီ မင်းငါ့ကိုဘာလုပ်စေချင်တာလဲ"

"မင်း လဲ့ဝူကို အချိန်ခန‌လောက် အလုပ်လုပ်ခိုင်းထားလို့ရမလား?"

ကျားသစ်က ခပ်မြန်မြန်ပဲသဘောတူလိုက်သည်

"ပြသာနာမရှိဘူး"

လဲ့ဝူက လွန်ခဲ့တဲ့ခြာက်နှစ်လောက်က တိုက်ခိုက်ရေးကွင်းမှာရှိခဲ့တဲ့အတွက် လဲ့ဝူရဲ့အကြောင်းကိုသူ ကောင်းကောင်းသိသည်။

ကျားသစ်က မငြင်းဆန်ပေမဲ့ လဲ့ဝူက လင်းဖန်ရဲ့စကားကိုကြားတော့ ချက်ချင်းငြင်းဆန်လိုက်သည်။

"ဘောစ့် မင်းငါ့ကိုစွန့်ပစ်တော့မလို့လား"

"မင်းအတွေးလွန်နေပြီ။ငါဒီမှာမင်းကိုလုပ်ခိုင်းတာ အကြောင်းပြချက်နှစ်ချက်ရှိတယ်။ပထမအချက်ကမင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုတိုးတက်အောင်လို့ ဒုတိယအချက်က တာဝန်ပေးစရာရှိလို့"

လဲ့ဝူကအားတက်သရောဖြင့်...
"မင်းငါ့ကိုဘာလုပ်ခိုင်းချင်တာလဲ ဘောစ့်?..ငါပြင်းထန်တဲ့တာဝန်အကုန်လုံးကိုလုပ်ဖို့ အသင့်ဖြစ်နေပြီ"

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now