Part 17

100 13 0
                                    

"ဟေ့ကောင် သွားရအောင်! "

လင်းဖန်သည် အဂ်လိပ်စကားလုံးတစ်ဝက်ကို အလွတ်ကျက်ပြီး စာမေးပွဲစာရွက်နှစ်စုံ ပြီးသွားတဲ့ နောက်မှာတော့ မျောက်က တံခါးကို ကန်လိုက်ပြီး ဆဲဆိုကြိမ်းမောင်းလိုက်တယ်။

" ငါတို့ဘယ်သွားမလို့လဲ?"

"မေးခွန်းတွေ မေးမနေနဲ့ ငါနဲ့လိုက်ခဲ့"

'လော့လိသာ ပိုက်ဆံအများကြီးမပေးခဲ့ဘူးဆိုရင် သူ့အစီအစဉ်မှာ ထောက်ပံ့ပေးဖို့ သဘောတူမိမှာမဟုတ်ဘူး' မျောက်က သူ့ကိုယ်သူတွေးလိုက်တယ်။

လင်းဖန် ကပါးစပ်ပိတ်နေလိုက်တော့တယ်။

........

"ငါ့တပည့်ဘယ်မှာလဲ?"

လင်းဖန်သည် အခန်းထဲကို လျှောက်လာသည်နှင့်အမျှ လော့လိရဲ့ လေးနက်ပြီးနွေးထွေးတဲ့လေသံကိုကြားလိုက်ရသည်။
အရင်ဘဝက လင်းဖန်ရဲ့ထိုအသံကြောင့်စိတ်လှုပ်ရှားခဲ့သည်။

'အဟားး သရုပ်ဆောင်တွေနဲ့ ဇာတ်ကူတွေကတော့ ရောက်ပြီပဲ။ သရုပ်ဆောင်ဖို့ အချိန်ရောက်ပြီ' လင်းဖန်က သူ့ကိုယ်သူတွေးလိုက်တယ်။

"ဆရာလော့, ကျွန်တော်ဒီမှာ!"

သူလော့လိကို မြင်လိုက်တဲ့အခါမှာ အော်ပြောလိုက်တဲ့ပုံစံက အရင်ဘဝကလိုပဲ စိတ်လှုပ်ရှားနေတဲ့ ပုံစံနဲ့တူနေတယ်။ လော့လိက လင်းဖန်ကိုတစ်ချက်ကြည့်ပြီး မျက်မှောင်ကြုံလိုက်တယ်။

"သူက ကျောင်းသားပဲရှိသေးတယ်။ ဘာလို့ဒီမှာဖမ်းထားတာလဲ တကယ်လို့သူက မင်းဆီမှားပြီးပိုက်ဆံချေးထားရင်လည်း သူ့အစားငါပိုက်ဆံပေးလိုက်မယ်။"

ကတုံးနဲ့လူကြီးကပြောလိုက်တယ်

" ဟမ့် ဒီလိုဆင်းရဲတဲ့ကျောင်းသားကို ငါပိုက်ဆံချေးမယ်လို့ မင်းထင်နေတာလား။ သူက ငါ့ကိုစော်ကားလို့ သင်ခန်းစာပေးမလို့ ခေါ်ထားတာ"

စိတ်လှုပ်ရှားတာမျိုးမရှိပဲ လော့လိက

"မင်း သူ့ကိုသင်ခန်းစာပေးပြီးပြီမို့လား။ အဲ့တာက လုံလောက်ပြီ။ အခုသူ့ကိုလွှတ်ပေးလို့ရပြီလား။ သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုပြုမူရမယ်ဆိုတာက ငါဆုံးမပေးလိုက်မယ်"

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ်Where stories live. Discover now