Part 31

72 10 0
                                    

ပိုက်ဆံက အရာအားလုံးကိုဝယ်လို့မရပေမဲ့
ပြသာနာတော်တော်များများကိုတော့ဖြေရှင်းနိုင်တယ်။

ထောင်ထဲက ထွက်လာပြီး နောက် လင်းဖန်က စိမ်းလန်းသောသစ်ပင် မိဘမဲ့ဂေဟာကို
တန်းသွားခဲ့တယ်။

သူထိုဂေဟာကို ငွေအမြောက်အမြားလှူဒါန်းခဲ့တယ်။

ထိုစာရွက်စာတမ်းကိုလဲ့ဝူရဲ့လက်မှတ်နဲ့အတူပြလိုက် တော့ လင်းဒါရဲ့ယုံကြည်မှုကိုရသွားတယ်။

သူမသည် လင်းဖန်ရဲ့ idကိုတောင်သတိမထားမိပဲ လဲ့ဝူသားရဲ့ မွေးဖွားမှုမှတ်တမ်းကို လင်းဖန်အား ပေးလိုက်သည်။

တနည်းအားဖြင့် လင်းဖန်က 18နှစ်အောက်ဆိုတာကို သတိမထားမိလိုက်ဘူး...

"မစ္စတာလင်း ဒါ လူကြီးမင်းရှာနေတဲ့ကလေးပါ.. သူ့နာမည်က လဲ့လဲ့။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ရဲတစ်ယောက်ကသူ့ကိုပို့လိုက်တာပါ။

လဲ့လဲ့ရဲ့အဖေက လူသတ်မှုနဲ့တရားစီရင် နေရပြီး အမေကမွေးပြီးသေသွားတယ်လို့ရဲက ပြောလိုက်ပါတယ်။
အဲ့တာကြောင့် သူတို့က လဲ့လဲ့ကိုဒီကိုပို့လိုက်တာ..ကလေးက အပြုအမူကောင်းပါတယ်။"

"လာ...လဲ့လဲ့ လင်းလူကြီးမင်းကို နှုတ်ဆက်လိုက်ပါအုံး"

"ဟယ်လို.."
ကလေးရဲ့အသံက နူးညံ့ပြီး တော့ ချိုမြိန်တယ်။သူက တကယ်ချစ်ဖို့ကောင်းတာပဲ။

လင်းဖန်က ဒီလိုကလေးမျိုးက လဲ့ဝူရဲ့သားဆိုတာ လုံးဝမယုံကြည်နိုင်ဘူးဖြစ်နေတယ်။

ဒါပေမဲ့သူရဲ့စုံစမ်းမှုတွေကနဲ့ လဲ့လဲ့မွေးဖွားတဲ့မှတ်တမ်း တွေက သူကလဲ့ဝူရဲ့သားဆိုတာသက်သေပြနေတယ်။

"ဒီကိုလာ လဲ့လဲ့"
လင်းဖန်က နွေးထွေးဖော်ရွေစွာဖြင့် ခေါ်လိုက်တယ်။

လဲ့လဲ့က စိမ်းနေပြီးရှက်နေသော်လည်း သတ္တိမွေးကာ လင်းဖန်ဆီသို့ လျှောက်လာခဲ့တယ်။

"ကျွန်တော်သူ့ကို ခေါ်သွားလို့ရမလား?"

"ဟုတ်ကဲ့ ရပါတယ်။ဒါပေမဲ့ သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း တွေအရ စာရွက်စာတမ်းအချို့ကိုလက်မှတ်ထိုးရပါမယ်။ လိုက်ခဲ့ပါ လင်းလူကြီးမင်း"

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now