လင်းဖန်သွားတဲ့ နေရာကလုဟေးခရိုင်မှာရှိတဲ့မြေအောက် လောကမှာနာမည်ကြီးတဲ့တိုက်ခိုက်ရေးကွင်းကိုသွားခဲ့တယ်။
သူဒီမတိုင်ခင်ကတော့ တခါမှမရောက်ဖူးပါဘူး။သူ့အဖော်တွေဆီကပြောတာကြားပြီးလာခဲ့ခြင်းဖြစ်သည်။
ဒီမြေအောက်လောကရဲ့အထင်ကနေရာမှာ တစ်ချို့လူ တွေက လောင်းကစားလုပ်ကြပြီး တစ်ချို့လူတွကျ တော့ သူတို့ဘဝနဲ့ရင်းပြီး ကစားကြတယ်။ထိုတိုက်ခိုက်ရေးပွဲ တွေကြောင့် နေ့တိုင်းလူတွေ သေဆုံးနေကြတယ်။
ဒီနေရာက ကောင်းတဲ့နေရာမဟုတ် ပေမဲ့လင်းဖန်ဒီကိုလာရတာက သူ့ရဲ့အတိုက်အခိုက်စွမ်းရည် တွေတိုးတက်လာစေဖို့အတွက်ဖြစ်တယ်။
ဒါက သူ့အစီအစဉ်တွေထဲက တစ်ခုလည်းဖြစ်တယ်။
"ဟေ့..အနက်ရောင်နဲ့ ကောင်လေး..အေးးမင်းကို ပြောနေတာဟုတ်တယ်။ မင်းလက်မှတ်ဝယ်ပြီးပြီလား? ဒီနေရာက လက်မှတ်မပါပဲ ဝင်ခွင့်မပြုထားဘူး။"
တက်တူးတွေနဲ့လူကြီးတစ်ယောက်က တိုက်ခိုက်ရေးကွင်းကိုဝင်မဲ့တံခါးဝမှာတားပြီး မေးလိုက်တယ်။
"မဝယ်ရသေးဘူး"
"မင်းအရင်ဆုံး လက်မှတ်ဝယ်ရမယ်"
"ငါဒီနေရာကိုလာတာက သူတို့တိုက်ခိုက်တာကိုကြည့်ဖို့မဟုတ်ဘူး။ ပွဲတွေအတွက် စာရင်းသွင်းချင်လို့"
ထိုလူကြီးက တခြားနေရာကိုလက်ညိုးထိုးပြီး စိတ်မရှည်စွာ ပြောလိုက်တယ်။
"ဒီလမ်းအဆုံးကိုသွားလိုက်ရင်အခန်းတစ်ခန်း ရှိတယ်။အဲ့ဒီမှာ ကျားသစ်လို့ ခေါ်တဲ့လူကို တွေ့လိမ့်မယ်။"
"ကျေးဇူး"
လင်းဖန် ထွက်သွားတာကိုကြည့်ပြီး ထိုလူက နှာ ခေါင်းရှုံ့လိုက်တယ်။
"ဟမ်း..ဒီကောင်ရူးနေတာပဲ!"
'တစ်ချို့လူ တွေဒီကိုလာတာကပွဲတွေကိုကြည့်ဖို့ တစ်ချို့ကျတော့ပိုက်ဆံလာရှာကြတာ။ဒါပေမဲ့ ငါဒီမတိုင်ခင်ကတော့ ကိုယ့်ကိုယ်ကိုသေလမ်းလာရှာတဲ့သူမျိုးကိုတော့တစ်ခါမှမတွေ့ဖူးဘူး'
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ်
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...