Part 16

181 24 4
                                    

အခန်းကဒ်နဲ့ လင်းဖန်က အချိန်မရွေးထွက်သွားလို့ရပြီ။

ဒါပေမဲ့ သူဒီလိုလုပ်မှာမဟုတ်ဘူး။

သူ့ရဲ့အတန်းပိုင်ဆရာလော့လိက ခနနေကျရင် သူ့ကိုလာကယ်လိမ့်မယ်။ ဒါကြောင့် သူက လော့လိရဲ့ သရုပ်ဆောင်မှုမှာ ပူးပေါင်းပေးဖို့ဆုံးဖြတ်လိုက်တယ်။

လော့လိအကြောင်းပြောရမယ်ဆိုရင်.....

အတိအကျပြောတော့
သူ့နာမည်က လန်လော့လိ။

သူကလန်ရန်ရှင်းရဲ့ တရားမဝင်သားတစ်ယောက်ဖြစ်တယ်။
လန်ရန်ရှင်းက N မြို့တော်ရဲ့ တတိယအကြီးဆုံးစီးပွားရေးလုပ်ငန်းရဲ့ ဥက္ကဌဖြစ်တယ်။
လော့လိရဲ့မိခင်ဟာ လန်ရန်ရှင်း၏ဇနီးတစ်ယောက် ဖြစ်ခဲ့ဖူးသည်။

သူကလော့လိကို မွေးပေးခဲ့ပေမဲ့ အဲ့တာက သူ့ကိုအမြင့်ကိုရောက်အောင် မကူညီနိုင်ခဲ့ဘူး.။
နောက်ပိုင်းမှာတော့သူမသေသွားခဲ့တယ်။
သူမကိုယ်သူမ သတ်သေတာလား။ လန်ရန်ရှင်းရဲ့ တရားဝင်ဇနီးက သတ်လိုက်တာလားတော့မသိပေမဲ့ပေါ့။

"ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်ရတယ်"
လို့ပြောကြသလိုပဲ တတိယလူဖြစ်သွားတဲ့ မစ္စတာလန်ရဲ့ ဇနီးက သဘာဝကျစွာပဲ လော့လိရဲ့အမေကိုမုန်းခဲ့တယ်။

သို့သော် သူ့မိခင်သေဆုံးပြီးနောက် လော့လိသည် မစ္စတာလန်တို့တစ်မိသားစုလုံးကိုရန်ငြိုးထားခဲ့တယ်။ အပေါ်ယံတွင် လော့လိသည် သာမာန်ကျပြီး ရည်ရွယ်ချက်မရှိသည့်ကျောင်းဆရာတစ်ဦးဖြစ်သည်။

ဒါပေမဲ့ လော့လိက လန်မျိုးနွယ်တစ်ခုလုံးကို ပစ်မှတ်ထားနေတာဖြစ်တယ်။ သူ့အဖေဆီက အာဏာသိမ်းဖို့ တစ်လျှောက်လုံးကြံစည်ခဲ့တယ်။

ထို့ကြောင့် မြေအောက်ဘုရင် ရှောင်းချူက သူ့ရဲ့လက်တွဲဖော်အဖြစ် ပထမဆုံးရွေးချယ်မှုဖြစ်လာခဲ့တယ်။ လော့လိရဲ့အကြံအစည်က မည်သို့ပင်ဖြစ်ခဲ့ပါစေ အရင်ဘဝတုန်းကတော့ သူအောင်မြင်မှု ရခဲ့တယ်။

သူထောင်ကျခဲ့တုန်းက တီဗီသည် လော့လိအကြောင်းလေ့လာလို့ရတဲ့ တစ်ခုတည်းသောအရာဖြစ်ခဲ့တယ်။

အဲ့ဒီအချိန်တုန်းက ချူးရှောင်ရဲ့အကူအညီနဲ့ လော့လိက လန်တစ်မျိုးနွယ်လုံးကို ထိန်းချူပ်နိုင်ခဲ့တယ်။ သူက ချူးရှောင်ရဲ့နှလုံးသားကို ရခဲ့ပြီးနောက် သူတို့ လက်ထပ်ခဲ့ကြတယ်။

လော့လိက အမှန်တကယ် အောင်နိုင်သူတစ်ယောက်ဖြစ်ခဲ့တယ်။

သူလက်စားချေလိုသူတွေကတော့ သေရင်သေ မဟုတ်ရင် မသန်မစွမ်းတွေဖြစ်သွားကြတယ်။
ငါတကယ့်ကိုတုံးခဲ့တာပဲ။ လော့လိရဲ့ကစားနည်းတစ်ချို့ကိုမမြင်နိုင်ခဲ့ဘူး။

သူလော့လိကို အမြဲတမ်းကယ်တင်ရှင်အနေနဲ့ သတ်မှတ်ထားခဲ့တာက လော့လိက စမတ်ကျတယ် တော်တယ် ပြီးတော့ကြည့်လို့လည်းကောင်းတယ်။
အဲ့တာတင်မကပဲ အကြံစည်ကောင်းတွေလည်းရှိလို့ထင်ခဲ့လို့ ။

အခုကတော့......

လော့လိက ချူးရှောင်နဲ့ ရင်းနှီးဖို့ စီစဉ်နေတယ်။ တခြားစကားလုံးနဲ့ပြောရရင်တော့ သူကချူးရှောင်ကို စိတ်ဝင်စားမိနေတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချစ်တွေမတည်ဆောက်သေးဘူး။

ဒါကြောင့် သူတို့ရဲ့ အချစ်တွေကို ချိုးနှိမ်ပစ်ဖို့ အချိန်မနှောင်းသေးဘူး။

ငါဘာလို့ဒီလိုလုပ်ချင်တာလဲ?.....

သူတို့က လိုက်ဖက်တဲ့စုံတွဲတွေဆိုတာတော့ သူဝန်ခံပါတယ်။ သူတို့နှစ်ယောက်ကြား အချစ်တွေဖြစ်လာပုံက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရှိနေခဲ့တယ်။

ဒါပေမဲ့ သူတို့ပျော်ရွင်မှုက သူ့ရဲ့ အဖြစ်ဆိုးတွေကနေ အခြေခံခဲ့တာဖြစ်တယ်။

ချူးရှောင်ရဲ့ အကူအညီမပါပဲ လော့လိက ဘယ်သူ့ကိုမှ လက်စားချေနိုင်မှာမဟုတ်သလို သူ့ကိုလည်းစွန့်ပစ်နိုင်စွမ်းရှိမှာမဟုတ်ပေ။

တကယ်လို့ ချူးရှောင်သာ လော့လိအပေါ်မှာ မကျဆုံးခဲ့ရင် သူ့ကိုလည်းသတိထားမိမှာ မဟုတ်သလို ထောင်ထဲလည်းပို့ပစ်မှာမဟုတ်ဘူး။

နောက်ဆုံးမှာတော့ သူ့ဆီမှာ ဘယ်သူမှမရှိခဲ့ဘူး။

အရင်ဘဝက ဒီဘားမှာဖြစ်ခဲ့တာကို ပြန်တွေးလိုက်ရင် လော့လိက တကယ့်ကို အကြံစည်ကောင်းတယ်လို့ပြောလို့ရတယ်။

ဒါပေမဲ့ ကံမကောင်းစွာပဲ သူဇာတ်ညွှန်းဘယ်လောက်ကောင်းနေပါစေ သူနဲ့အတူလိုက်ကစားပေးမှားမဟုတ်တော့ဘူး။

သူ့က ငါ့ကိုအသုံးချချင်တာလား ဒါမှမဟုတ် အမြှောက်စားတစ်ယောက်ဖြစ်စေချင်တာလား?..

ဟမ့်! အိမ်မက်မက်နေလိုက်

ငါက အရူးတစ်ယောက်မဟုတ်တော့ဘူး။

အရင်ဘဝကတော့ ငါရူးခဲ့တယ်ဆိုပေမဲ့ပေါ့။
လင်းဖန်က သူ့ကိုယ်သူတွေးလိုက်တယ်။

လွမ်းတယ်ပြောလို့ တင်ပေးလိုက်တယ်နော်
Paid gpကတော့ အတက်နိုင်ဆုံး မြန်မြန်ရအောင်လုပ်ပေးပါ့မယ် ^∆^

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now