Part 44

303 32 0
                                    

"မင်းတို့တွေတခြားဂိုဏ်းရဲ့နယ်မြေတွေကို ဘယ်လိုသိမ်းရမလဲဆိုတာသိထားရမယ်
ပြီးတော့ ငါ့ထက်ပိုပြီးလည်းငွေရှာနိုင်ရမယ်နော်"
လင်းဖန်ရဲ့စကားကြောင့် ဂိုဏ်းသားများရယ်ကြတော့သည်။

"ငါပြောချင်တာ ဒါပါပဲ။နောက်ဆုံးအချက်အနေနဲ့ ဝူဇီရဲ့စကားကို နားထောင်ကြ"
(လဲ့ဝူက အလုပ်မှာဆိုဝူဇီပဲခေါ်ကြပါတယ်နော်)

"ဟုတ်ကဲ့ပါ ဘောစ့်"

"မင်းတို့ဒီနေရာကို ပတ်ကြည့်လို့ရတယ်။ဝူဇီ ငါ့နောက်လိုက်ခဲ့ "

ဒီတစ်ကြိမ်မှာ လင်းဖန်ကကားမောင်းနိုင်တဲ့အဖွဲ့သားအသစ်တွေကို ခေါ်ခဲ့တယ်။ ဒါကြောင့်သူကားဝယ်ခဲ့တယ်။လင်းဖန်က ကားထဲသို့ဝင်လိုက်ပြီး စာရွက်စာတမ်းအချို့ကို ဝူဇီကိုပေးလိုက်တယ်။

"မြေပုံပေါ်မှာ ငါဝိုင်းထားတဲ့နေရာတွေကို အာရုံစိုက်ပြီးကြည့်ထားလိုက်ပထမဆုံးမင်းလုပ်ရမှာက အဲ့ဒီ့နေရာတွေကို သိမ်းဖို့ပဲ။ လုဟေးရဲ့ကျန်တဲ့နေရာတွေကိုတော့ အခုလောလောဆယ် ဘာမှမလုပ်နဲ့အုံး"

မြေပုံပေါ်မှာလင်းဖန်ဝိုင်းထားတဲ့ နေရာတွေက စီးပွားရေးကောင်းတဲ့နေရာလည်းမဟူတ်သလိုချမ်းသာတဲ့နေရာလည်းမဟုတ်ဘူး။

ထိုနေရာတွေရဲ့ တူညီတဲ့အချက်က ဖရိုဖရဲဖြစ်နေတဲ့အခြေအနေမှာ ရှိနေခြင်းဖြစ်သည်။

အဲ့ဒီနေရာတွေမှာ မရေတွက်နိုင်တဲ့ဂိုဏ်းတွေအများကြီးရှိတယ်။ လူကောင်းတွေရော လူဆိုးတွေရောထိုနေရာတွင်ရောထွေးစွာရှိနေကြသည်။

အဲ့တာကြောင့် ထိုနေရာတွေကိုသိမ်းဖို့ခက်ခဲတယ်လို့ထင်ရပေမဲ့ တကယ်တမ်းတော့ မင်းစိတ်ကူးထားတာထက် ပိုပြီးတော့အများကြီး လွယ်ကူတယ်

"စိတ်ချပါ ဘောစ့်။ ပြောတဲ့အတိုင်းလုပ်ထားပါ့မယ်"
လဲ့ဝူကလင်းဖန်ပေးတဲ့ စာရွက်စာတမ်တွေကို သေချာကြည့်လိုက်ပြီး သူ့အိတ်ထဲကို ထည့်လိုက်တယ်။

လင်းဖန်က ထိုနေရာတွေကိုရွေးရတဲ့အကြောင်းအရင်းကို မေးရန် ရည်ရွယ်ချက်မရှိပေ။
သူကလင်းဖန်ကို အရမ်းသဘောကျတယ်။
ဘောစ့်ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ သူယုံကြည်တယ်။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now