ဒါကိုကြားတော့အတန်းခေါင်းဆောင်ရဲ့မျက်နှာက တင်းမာနေတာကနေ ပြေလျော့သွားပြီး ယုံကြည်ချက်ရှိသောလေသံဖြင့်
"ဟမ်...မင်းကြားတယ်နော်? အတန်းပိုင်ဆရာကမင်းကိုတွေ့ချင်နေတယ်။ သူက မင်းစာမေးပွဲမှာ ခိုးချတာကို သိသွားလို့နဲ့တူတယ်။"
"တကယ်လား?"
လင်းဖန်က ရယ်မောလိုက်ကာ စာသင်ခန်းထဲမှထွက်လာခဲ့တယ်။လော့လိ သူ့ကို ဘာလို့ ရုံးခန်းကို ခေါ်တာလဲဆိုတာ သူရှင်းရှင်းလင်းလင်းသိတယ်။
သူက စာမေးပွဲ ရလဒ်ကို သံသယဝင်နေလို့ မဟုတ်ဘူး......
"ဆရာလော့ ကျွန်တော့်ကိုဘာလို့တွေ့ချင်တာလဲ?"
လင်းဖန်က လော့လိရဲ့ ရုံးခန်းဆီ ဝင်သွားပြီးမေးလိုက်တယ်။ သူရဲ့အသံစိတ်လှုပ်ရှားနေတဲ့ပုံစံဖြင့် အရင်ဘဝကပုံစံအတိုင်း ပြုမူဖို့ကြိုးစားလိုက်တယ်။
လော့လိ၏အဖြေကတော့အရင်ဘဝကနှင့် မတူတော့ပါ။"တော်တယ် ဒီတစ်ကြိမ်တော့ မင်းစာမေးပွဲအောင်သွားပြီ"
လော့လိက ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။
အရင်ဘဝက လော့လိပြောခဲ့တာက
"မင်းစာမေးပွဲထပ်ကျပြန်ပြီ"ထိုအရာတွေ ပြောင်းလဲသွားပေမဲ့ သူ့ရဲ့ ဂရုမစိုက်တဲ့ပုံစံကတော့အရင်ဘဝကနဲ့ အတူတူပါပဲ။
'သူက ငါ့ကိုအမြဲတမ်း လျစ်လျူရှု့ခဲ့တာကိုအရင်ဘဝတုန်းကတော့ ငါနဲ့ပတ်သတ်ပြီး ဂရုစိုက်တယ်လို့ တစ်လွဲတွေ ထင်ခဲ့တာပဲ။ငါအချစ်ကြောင့် တော်တော်ကန်းခဲ့တာပဲ။ '
လင်းဖန်သူ့ကိုယ်သူတွေးလိုက်တယ်။"ကျွန်တော် ဆက်ကြိုးစားသွားပါ့မယ်။"
"ကောင်းတယ် "
လော့လိကခေါင်းညိမ့်ပြီး ဆက်ပြောလိုက်တယ်။ "ဆရာ မင်းကို တစ်ခုလောက် အကူအညီတောင်းချင်လို့"
'တွေ့လား ဒါကမှသူ့ရဲ့တကယ့်ရည်ရွယ်ချက်ပဲ' လင်းဖန်တွေးလိုက်တယ်။
သူ့စိတ်ထဲလှောင်ရယ်နေပေမဲ့ မျက်နှာမှာတော့ ဘာအမူအရာမှမရှိပေ။
"Chengwuခရိုင်မှာ နေတဲ့ ဆရာ့သူငယ်ချင်းက ဆေးတစ်ချို့လိုချင်တာ , ဒါပေမဲ့ ဆရာက ဒီညချိန်းထားတာရှိလို့ သူ့ဆီကို ဆေးသွားပေး ပေးလို့ရမလား?"
လော့လိက စိတ်ရင်းနဲ့တောင်းဆိုသလိုမျိုးပြောလိုက်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ်
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...