သုံးလအတွင်း အရာတော်တော်များများပြောင်းလဲသွားတယ်။
လင်းဖန်က အထက်တန်းနောက်ဆုံးနှစ်ကိုစတင် နေပြီဖြစ်တယ်။
ဒါပေမဲ့အဲ့တာက အဓိကအချက်မဟုတ်ဘူး။
ဒီသုံးလမှာပဲ လဲ့ဝူနဲ့ကျားသစ်က လင်းဖန်ကအတွက် ဂိုဏ်းသားအသစ်တွေခေါ်ပြီးအုပ်စုတွေဖွဲ့ခဲ့ကြတယ်။လင်းဖန်က လုဟေးခရိုင်မှာရှိတဲ့ စက်ရုံဟောင်းတစ်ခုကိုဝယ်ခဲ့ပြီး ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့တယ်။
စက်ရုံထဲတွင် လင်းဖန်က ခုံတစ်ခုံတွင်ထိုင် နေပြီးသူ့ရှေ့မှာ လူလေးဆယ်ကျော်ရှိတယ်။
"မင်းတို့ကို တွေ့ရတာဝမ်းသာပါတယ်။ငါ့နာမည်က လင်းဖန်။မင်းတို့ရဲ့ဘောစ့်ဆိုလည်းဟုတ်တယ်"တကယ်တော့ သူတို့လင်းဖန်ကိုတွေ့တာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။သူတို့ တွေအားလုံးက လင်းဖန်ကို လေးစားမှုအပြည့်နဲ့ကြည့်နေကြတယ်။
သူတို့တွေထဲက တစ်ချို့ကလင်းဖန်နဲ့တိုက်ခိုက်ခဲ့ဖူးပြီး တစ်ချို့ကတော့မတိုက်ခိုက်ဖူးကြပေ။
ဒါပေမဲ့ သူတို့တွေအားလုံးက ကျားသစ်ရဲ့ မြေအောက်တိုက်ခိုက်ရေးကွင်းကို မကြာခဏလာကြတဲ့သူတွေဖြစ်တယ်။
လူတော်တော်များများကမြေအောက်တိုက်ခိုက်ရေးကွင်းရဲ့ပိုင်ရှင်ကဘယ်သူလဲ၊ အဲ့ဒီမှာစည်းကမ်း တွေဘယ်လောက်ရှိလဲဆိုတာမသိ ကြပေမဲ့ လင်းဖန်ဆိုတဲ့နာမည်ကိုတော့လူတိုင်းသိကြတယ်။
ဘာလို့လင်းဖန်ကအရမ်း နာမည်ကြီးရတာလဲ? ဘာလို့လဲဆိုတော့ လင်းဖန်က ထိပ်တန်းလက်ဝှေ့သမားတစ်ယောက်ဖြစ်ပြီး တော့ ရှုံးပွဲမရှိပဲ 77ကြိမ်ဆက်တိုက်နိုင်လာတဲ့ တစ်ဦးတည်းသောသူလည်းဖြစ်တယ်။
လုဟေးခရိုင်ကိုအလုပ်လုပ်ဖို့လာတဲ့သူ တွေတော် တော်များများက ထင်ရာစိုင်းတတ်ကြသူ တွေဖြစ်တယ်။သူတို့က ဘုရားနဲ့သူရဲကောင်းဆိုတာမျိုးကိုမယုံကြပေ။
ဒါပေမဲ့ လင်းဖန်ကသူတို့မသိလိုက်ခင်မှာပဲ သူတို့နှလုံးသားထဲတွင်ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့တယ်။ပြိုင်ပွဲ တွေမှာ လင်းဖန်က ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်တာကိုမြင်ဖူးသည်။

YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...