"မင်း?!"
လော့လိက ချူးရှောင်ကို အံ့ဩသွားတဲ့ ပုံစံဖြင့်
"ဟမ်း....မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်""အို"
ချူးရှောင်က အလေးမထားဟန်ဖြင့် အသံပြုလိုက်တယ်။"ငါ့အတန်းက ကျောင်းသားလေးက အပျော်သဘောနဲ့ ဒီမှာလာခဲ့ပြီး အဲ့ဒီလူတွေချုပ်ထားတာခံလိုက်ရလို့ပါ အဲ့တာကြောင့်..."
"အို"
ချူးရှောင်က အေးစက်စွာ တုံ့ပြန်လိုက်သည်။အခုဘာတွေဖြစ်ခဲ့တာလဲဆိုတာ သူမြင်ခဲ့ပါတယ်။
သူတခြားလူရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်ချင်ဘူး။ ဒါပေမဲ့ သူလော့လိနဲ့ လက်တွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဝင်ကူညီလိုက်တာဖြစ်တယ်။ ချုးရှောင်က လော့လိကိုကြည့်ပြီး အကြံပေးလိုက်တယ်။
"မင်းဒီBarကို နောက်တစ်ကြိမ်မလာတာ ပိုကောင်းမယ်။"
"ကောင်းပြီ။ ငါနားလည်ပြီ ငါအခုပဲ ထွက်သွားလိုက်ပါ့မယ်"
"အမ်...သွားတော့"
ပြောပြီးတာနဲ့ ချူးရှောင်လည်း ထိုနေရာမှ လှည့်ကာ ထွက်သွားဟန်ပြင်လိုက်သည်။ချုးရှောင် ထွက်သွားတော့မယ့် ပုံစံကို ကြည့်ပြီး လော့လိက ထွက်သွားရမဲ့အစား သူကထိုနေရာမှာပဲ ရပ်နေပြီးတော့ ဆေးရှိန်ပြမဲ့ အချိန်ကို တွက်ချက်နေခဲ့သည်။
ထိုအချိန်မှာပဲ လင်းဖန်ကလည်းaphrodisiacsရဲ့ စတင်မဲ့အချိန်ကို ခန့်မှန်းနေခဲ့သည်။
လင်းဖန်ရဲ့ စိတ်ထဲတွင် ခံစားချက်တွေ ရှုပ်ထွေးနေသည်။
လော့လိနဲ့ ချူးရှောင်တို့ ဖြစ်ပျက်ခဲ့တာတွေက အလှလေးကိုသူရဲကောင်းက ကယ်တင်တဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။
သူတို့နှစ်ယောက်လုံးက ရုပ်ရည်ချောမောပြီး ထူးချွန်ကြတဲ့အပြင် အနာဂတ်မှာလည်း တူညီတဲ့အဆင့်မှာပဲရှိနေကြအုံးမှာ။
ရိုးရိုးသားသားပြောရရင် ပုခုံးချင်းယှဉ်ရပ်နေတဲ့ သူတို့နှစ်ယောက်ရဲ့မြင်ကွင်းက စိတ်ကြေနပ်စရာကောင်းတယ်ဆိုတာ မြင်လိုက်ရတယ်။
သူတို့နှစ်ယောက်ရဲ့ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို သူစိတ်မရှိပါဘူး။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...