'ဖန်မင်း?..ကောင်းပြီ။ငါမင်းကိုမှတ်ထားလိုက်ပြီ'
ချုးရှောင်က အံ့ကြိတ်လိုက်ပြီး
"မင်းဒီလောကမှာ မွေးဖွားလာတဲ့အတွက် နောင်တရစေရမယ်..."သူ့မှာဒီလူယုတ်မာနောင်တရစေမဲ့နည်းလမ်းတွေထောင်ချီရှိတယ်။
ဒါပေမဲ့စိတ်မကောင်းစရာပဲ......
လင်းဖန်က ချုးရှောင်ကိုလွှတ်လိုက်ပြီးမတ်တပ်ရပ်လိုက်တယ်။
သူက လှောင်ရယ်လိုက်ပြီး
"ဟမ်းး..ငါဘယ်တောာ့မှ နောင်တရမှာမဟုတ်ဘူး"အဲ့ဒီအစားသူက ပြန်လည်မွေးဖွားခွင့် ပေးတဲ့အတွက် ကျေးဇူးတောင်တင်မိတယ်။
ထို့နောက်သူလှည့်လိုက်ပြီး ပြန်ဖို့ပြင်လိုက်တယ်။
"မင်းအခုထွက်သွားတော့မလို့လား?"
"သေချာတာပေါ့..မဟုတ်ရင်..မင်းပြန်ကောင်းလာပြီး ငါ့ကိုသတ်မဲ့အထိ စောင့်နေရမှာလား..မင်းဘယ်လိုထင်လဲ?.."
ချုးရှောင်ထို မေးခွန်းအတွက်ပြန်မပြောနိုင်ပေ။
ဘာလို့လဲဆိုတော့ သူတကယ်အဲ့လိုလုပ်ဖို့ စဉ်းစားထားတာဖြစ်သည်။လင်းဖန်က ချုးရှောင်ကိုတာ့တာပြလိုက်ပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။
သူကသူသုံးခဲ့တဲ့လိင်ပစ္စည်းတွေအတွက် ငွေချေဖို့အစီအစဉ်မရှိဘူး....
ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲသူပြန်လာခဲ့တယ်။
"မင်းဘာလို့ပြန်လာခဲ့တာလဲ?။သေချင်လို့ပြန်လာတာလား?"
လင်းဖန်က ဘာမှမပြောခဲ့ပေ။
သူကချုးရှောင်ရဲ့လက်ကိုချည်ခဲ့တဲ့ကြိုးကိုပြန်ဖြည်ပေးလိုက်သည်။
ခနလောက်စဉ်းစားပြီး သူ့အပေါ်ကိုကုတ်အကျီခြုံပေးလိုက်သည်။ပြီးနောက်လှည့်ထွက်သွားခဲ့သည်။
ဒီတစ်ကြိမ်မှာ တော့သူ့ကိုကြည့်ရတာ အနည်းငယ်ရှုပ်ထွေးနေသည်။
'ထူးဆန်းလိုက်တာ...ငါဒီနေရာကနေထွက်မသွားချင်ဘူးဖြစ်နေတယ်။စိတ်ထင်တာနေမှာပါ..ဟုတ်တယ်ထင်ယောင်ထင်မှားဖြစ်နေတာ'
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...