သူက တကယ့်ကို ဆင်းရဲတာပဲ....
125.3ယွမ်ဟာ သူ့အတွက် တစ်လခွဲလောက် အသက်ရှင်ဖို့လုံလောက်ပါသည်။
ဒါပေမဲ့ ယခုလင်းဖန်ရဲ့ မျက်လုံးထဲမှာတော့ အဲ့တာက မပြောပလောက်သော ပမာဏဖြစ်သည်။
အဲ့တာက နောက်နှစ် semester အတွက်ကျောင်းလခဒါမှမဟုတ် တစ်လစာနို့ဝယ်ဖို့ အတွက်မပြောနဲ့ သူ့ဒဏ်ရာကုသဖို့တောင် မလုံလောက်ပေ။
အမူအရာကင်းမဲ့စွာဖြင့် လင်းဖန်က သေတ္တာကိုဘေးသို့ရွေ့လိုက်သည်။
ဖြူဖျော့ကာ ပိန်လှီနေသော မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကို လှောင်ပြောင်နေသည့် အကြည့်များပေါ်လာသည်။ခက်ခဲတဲ့ အခြေအနေမှာ ဖြစ်ပေမဲ့ စိတ်ဓာတ်ကျခြင်းတော့ မရှိပေ။
အခု သူကံကောင်း၍ ဘဝအသစ်ပြန်စတင်ခဲ့သည်။ အမြောက်စားဇာတ်ကောင်လိုမျိုး ထပ်မဖြစ်ချင်တော့ဘူး။
ဒါကြောင့် အခုမှစပြီး ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်သည်။
သူရဲဘောကြောင်တဲ့သူလား။
မဟုတ်ဘူး..ငကြောက်တစ်ကောင်လိုနေပြီး
သူ့ဘဝ အဆုံးသတ်သွားမှာကို ထိုင်ကြည့်နေမှာ မဟုတ်တော့ဘူး။ထောင်ထဲမှာနေခဲ့တဲ့ ဆယ်နှစ်တာအတွင်း နှလုံးကြောင့် နာကျင်ကိုက်ခဲတိုင်း အားနည်းခြင်းနှင့် အကူအညီမဲ့ခြင်းတို့ကို အပြင်းအထန်ခံစားခဲ့ရသောကြောင့် ကြံ့ခိုင်သော ခန္တာကိုယ်တစ်ခုကို ပိုင်ဆိုင်ချင်ခဲ့သည်။
အခုကျန်းမာရေးမကောင်းပေမဲ့ ကံကောင်းထောက်မစွာနဲ့ အရမ်းနောက်မကျသေးဘူး။
'မင်းရဲ့ ကျန်းမာရေးက မင်းရဲ့ ဘဝပဲ' ဆိုတဲ့ ဆိုရိုးစကားရှိသည်။
လင်းဖန်သည်းသုံးလအတွင်းသူ့ကိုယ်သူ သန်မာလာဖို့နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြည့်ရန် ရည်မှန်းထားခဲ့သည်။
အရင်ကထက်တော့ ပိုမဆိုးမလာနိုင်တော့ပါဘူး။
ပိုက်ဆံမရှိ၊ မိသားစုမရှိ၊ ဘာမှမရှိ.....
စားပွဲပေါ်က ရီပို့ကဒ်ဆီကို သူ့မျက်လုံးတွေက ရောက်သွားသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...