လင်းဖန်က လဲ့လဲ့ကိုစကားထပ်မပြောမိရန်တားလိုက်ပေမဲ့ အဲ့တာက အရမ်းနောက်ကျသွားတယ် ဘာလို့လဲဆိုတော့ လဲ့လဲ့ရဲ့အသံက ထိုသူ နေရာကိုရောက်ရှိသွားပြီဖြစ်သည်။
သူတို့နဲ့သိပ်မဝေးတဲ့ပြိုင်ကားထဲက မောင်းသူ နေရာမှာထိုင် နေတဲ့ချုးရှောင်က ခေါင်းလှည့်လာပြီး သူငယ်တန်း ကျောင်းကို ကြည့်လာသည်။သူလှည့်ကြည့်မိတာက လဲ့လဲ့ရဲ့အသံကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့သူက လင်းဖန်နဲ့လဲ့လဲ့ကို သတိမထားမိပေ။
သူရဲ့ အေးစက်တဲ့မျက်နှာက သူငယ်တန်း ကျောင်းကိုတစ်ချက်လှည့်ကြည့်လာပြီး တခြားနေရာကိုပြန်လှည့်သွားတယ်။
လင်းဖန်ကတော့ ချုးရှောင်နဲ့မတူပဲ သူ့မျက်စိ ရှေ့ကနေ ပြိုင်ကား ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်မိသည်။
ရိုးရိုးသားသားပြောရရင် ချုးရှောင်ကို ဒီနေရာမှာ တွေ့လိုက်ရလို့ သူအံ့ဩသွားခဲ့တယ်။ အဲ့တာက ကံကြမ္မာလည်းဖြစ်နိုင်ပါတယ်။
ချုးရှောင်က အစကနေအဆုံးအထိ အေးစက်တဲ့မျက်နှာနဲ့သူ့ကိုသတိမထားမိခဲ့ပေမဲ့ ချုးရှောင်စိတ် အခြေအနေကောင်းနေမှန်းသူသတိထားမိလိုက်သည်။
သူဘာလို့စိတ်အခြေအနေကောင်းနေတာလဲဆိုတာ သူသိတယ်။
ဒီရက်တွေမှာချုးရှောင်ရဲ့လူကအင်တာနက်မှ
ဖန်းမင်းအနေနဲ့ရင်းနှီးမြှပ်နှံထားတဲ့ ကုမ္မဏီရဲရှယ်ယာ တွေကို လျော့နည်းအောင်လုပ်ဆောင်ခဲ့တယ်။ သူတို့ လင်းဖန်အားဒေဝါလီခံစေချင်လို့ဆိုတာ ထင်ရှားပါတယ်။ချုးရှောင်အခုဘယ်ကိုသွားတာလဲဆိုတော့......
ချုးရှောင်သည် လော့လိကို တွေ့ရန် သူ့ကျောင်းကိုသွားတယ်လို့ထင်တယ်။
လင်းဖန်မအံ့ဩမိပါ....
လော့လိသည် အကြံစည်ကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်။အရင်တစ်ခါ အစီအစဉ်ကိုသာ လင်းဖန် မနှောက်ယှက်ခဲ့ပါက အခုအချိန်တွင် လော့လိနှင့်ချုးရှောင်ရဲ့ဆက်ဆံရေးက တိုးတက် နေမှာဖြစ်တယ်။
သူဝင်နှောက်ယှက်လိုက်တဲ့ကျေးဇူးကြောင့်လော့လိနဲ့ချုးရှောင်ကထိုအဆင့်မှတက်လာနိုင်တော့မဟုတ်ပေ။

YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...