လင်းဖန်က ၁၀နာရီမှာ Sleepless Night လို့ခေါ်တဲ့ဘားတစ်ခုကိုရောက်လာခဲ့တယ်။
ဘားပုံစံက အလွန်ရိုးရှင်းတယ်။
ချုးရှောင်နှင့်သူ့လူတွေက မကြာခင် ထိုနေရာတွင် တွေ့ဆုံမယ်ဆိုတာ လူအနည်းငယ်သာသိသည်။ချူးရှောင်မကြာခဏသွားတတ်တဲ့နေရာတွေကို ရှာဖွေနိုင်တယ်ဆိုတာ အံ့ဩစရာပါပဲ။
ဒါပေမဲ့အဲ့တာက လော့လိ , လင်းဖန်မဟုတ်ဘူး။"ဒီမှာလော့လိပေးခိုင်းလိုက်တဲ့ဆေး "
လင်းဖန်က အရပ်ရှည် နှဖူးပြောင်ပြီးသန်မာပုံပေါ်တဲ့အမျိုးသားအား ဆေးပုလင်းကိုပေးလိုက်သည်။ထို့နောက်သူထွက်သွားဟန်ပြင်လိုက်သည်။
ထိုလူက စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပြီးခက်ထန်တဲ့အမူအရာဖြင့်
"ဟေ့ ကောင်လေး ,ထွက်သွားဖို့အတွက်မင်းငါ့ဆီက ခွင့်ပြုချက်တောင်းမှရမယ်"
လင်းဖန်သည် အရင်ဘဝကထိုလူ၏ကြမ်းတမ်းတဲ့အသွင်အပြင်ကြောင့် ကြောက်လန့်ခဲ့ရတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ထောင်ထဲမှာ လူမျိုးစုံနဲ့ တွေ့ပြီးနောက်မှာတော့ထိုလူကိုသူမကြောက်တော့ဘူး။
လင်းဖန်ကမျက်ခုံးတစ်ချက်ပင့်လိုက်ပြီး
"ဘာဖြစ်လို့လဲ...မင်းကငါ့နဲ့အတူသောက်ချင်လို့လား"
" fuck! မင်းကငါ့ကိုဒီလိုပြောရဲတယ်ပေါ့ ငါမင်းကိုသုံးနာရီလောက်စောင့်လိုက်ရတယ်။အခုပဲငါမင်းကိုရိုက်သတ်ပစ်မယ်"
ထိုစကားနှင့်အတူ ထိုလူက လင်းဖန်ဆီသို့လက်သီးဖြင့်ထိုးချလိုက်သည်။ သူ့အရင်ဘဝက အတွေ့အကြုံအရဆိုရင် ထိုသို့ထိုးချက်မျိုးကိုရှောင်တိမ်းရန်ခေါင်းကိုလက်ဖြင့်အုပ်ထားပြီးမြေကြီးထဲတွင် ဝပ်နေလောက်သည်။
ဒါပေမဲ့ယခုလင်းဖန်ကတော့ ထိုသို့လုပ်မည်မဟုတ်တော့ပါ။
ထိုလူ၏ထိုးချက်ကိုကာကွယ်ရန်တုံ့ဆိုင်းမနေပဲ လက်ကိုမြှောက်လိုက်သည်။
အသံတစ်ချက်မြည်သွားပြီးသူ့၏နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ ထိုးချက်ကြောင့်ဟန်ချက်ပျက်သွားကာသူ့၏လက်များထုံကျင်သွားသည်။ ကံကောင်းစွာနဲ့သူ့ကိုယ်သူတော့ကာကွယ်နိုင်ခဲ့တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...