ဘာလို့ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ချူးရှောင်ရှိတယ်လို့ထင်နေရတာလဲ?
ဘာလို့လဲဆိုတော့ ချူးရှောင်က ဖန်းမင်အပေါ်မုန်းတီးနေတဲ့တစ်ဦးတည်းသောသူဖြစ်နေလို့..
အဲ့တာအပြင်ချုးရှောင်သည် ကုမ္မဏီတစ်ခုရဲ့ရှယ်ယာကိုကျဆင်းစေပြီး ဒေဝါလီခံရအာင်လုပ်နိုင်တဲ့ အာဏာရှိတဲ့သူလည်းဖြစ်သည်။
နောက်ဆုံးမှာတော့ ချုးရှောင်သည် Nမြို့တော်နဲ့ Jနယ်ပယ်ရဲ့ စီးပွားရေးအုပ်စိုးသူဖြစ်တယ်။
ဒါပေမဲ့ လင်းဖန်က ပြန်တိုက်ခိုက်ဖို့ သူ့ကိုယ်သူအားနည်းတယ်လို့မထင်ပါဘူး....
သူယွမ်7သန်းရှုံးသွားပေမဲ့ အဲ့တာကိုစိတ်ပါထားမှာမဟုတ်ပေ။သူက သူ့ကွန်ပြူတာရဲ့ကီးဘုတ်ကိုနှိပ်လိုက်ပြီး ဆက်စပ်မှုမရှိတဲ့ ကုမ္မဏီတစ်ခုရဲ့ ရှယ်ယာကို ဈေးမြင့်ပြီးဝယ်ခဲ့သည်။
မဖြစ်နိုင်ဘူးဆိုတာမရှိဘူး..စတော့ရှယ်ယာတွင် ခန့်မှန်းလို့မရတဲ့အပြောင်းအလဲများစွာရှိတယ်။
ဒါပေမဲ့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြောင်းလဲလို့မရတဲ့ပုံမှန်အခြေအနေလည်းရှိတယ်။
ချုးရှောင်ရဲ့လူတွေက ကုမ္မဏီတစ်ခုရဲ့ရှယ်ယာ ဈေးနှုန်းကိုတစ်ရက်ထဲနဲ့ထိုးကျသွားအောင်လုပ်နိုင်သော်လည်းဆက်စပ်နေတဲ့ကုမ္မဏီရဲ့ရှယ်ယာ ဈေးကွက်ကို နောက်တစ်ကြိမ်ထပ်ကျအောင်မလုပ်ဆောင်နိုင်ပေ။'ဒါက အကြပ်အတည်းတစ်ခုကနေ သူသင်ယူခဲ့ရတဲ့သင်ခန်းစာဖြစ်တယ်။လင်းဖန်က ဒီရက် တွေမှာ ချုးရှောင်ရဲ့လူတွေနဲ့ Zero-sum ဂိမ်းတွေကိုကစားနေခဲ့တယ်။သူငွေတွေဆုံးရှုံးသွားပေမဲ့ တစ်ဖက်မှာတော့ သူ့အတွက်အခွင့်အရေးလည်းဖြစ်တယ်။
(Zero-sum gameဆိုတာဘတ်ဂျက်ခွဲယူတဲ့ဂိမ်းလို့လည်း ပြောလို့ရပါတယ်တဲ့
တစ်စုံတစ်ယောက်က နိုင်သွားရင် ကျန်တစ်ယောက်ကငွေဆုံးရှုံးသွားတဲ့သဘောမျိုးပါပဲ မင်မင်သိသလောက် ပြောထားတာဖြစ်တဲ့အတွက် မှား နေရငိလည်း ထောက်ပြကြပါ)လင်းဖန်ကပြုံးလိုက်တယ်။သူ့ရဲ့အပြုံးကလဲ့ဝူကိုစိတ်ရှုပ်သွားစေခဲ့တယ်။
![](https://img.wattpad.com/cover/376751488-288-k643101.jpg)
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...