Barကတော်တော်ကြီးတယ်။
အရင်ဘဝတုန်းက ချူးရှောင်က စိတ်ကြွဆေးရဲ့အကျိုးသက်ရောက်မှုကြောင့် ကြုံရာအခန်းတစ်ခန်းကို ယူလိုက်တယ်။
ဒါပေမဲ့ မမျှော်လင့်ပဲ နေ့ဘက်ဖြစ်တာကြောင့် ဘားက လူရှင်းနေပြီး ပုံမှန်လာနေကြသူတွေသာရှိသည်။
အဲ့တာကြောင့် လော့လိက ချူးရှောင်ကိုရှာဖို့အချိန်အကြာကြီး မယူခဲ့လိုက်ရဘူး။
အဲ့ဒီနောက်တော့ ဘာဆက်ဖြစ်သွားလဲ?...... ။
လော့လိက သူ့ကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းနဲ့ တစ်ညတာအချိန်တွေကိုအတူတူကုန်ဆုံးခဲ့တယ်လို့ လင်းဖန်ခန့်မှန်းလိုက်တယ်။
ပထမကတော့ လော့လိနဲ့ ချူးရှောင်နဲ့ ဘားမှာဖြစ်ပျက်ခဲ့တာကို ဘယ်သူမှမသိကြဘူး။
သို့သော် လော့လိက နောက်ပိုင်းတွင် လန်မျိုးနွယ်ရဲ့ တရားဝင်သားကို အနိုင်ရခဲ့ပြီး လန်မျိုးနွယ်တစ်ခုလုံးကိုထိန်းချူပ်နိုင်ခဲ့တယ်။
ဒါကြောင့် သူ့ရဲ့ ပြိုင်ဘက်က ဘားရဲ့အလုပ်သမားဆီကနေ သူနဲ့ချူးရှောင်ရဲ့သတင်းကိုဝယ်လိုက်ပြီး ဖော်ထုတ်ခဲ့တယ်။
ထိုသတင်းက လူတွေကြားမှာ နာမည်ကြီးလာပြီး အုတ်အော်သောင်းတင်ဖြစ်စေခဲ့တယ်။
ချူးရှောင်က ထိုသတင်းပြန့်ပွားမှုကိုရပ်တန့်အောင် ချက်ချင်းလုပ်ဆောင်ခဲ့တယ်။
လော့လိက ချုးရှောင်နဲ့ပထမဆုံးအကြိမ်sex ဖြစ်ပြီးနောက်ပိုင်း ချက်ချင်းအချစ်ရေးကို မတည်ဆောက်နိုင်ခဲ့ပေမဲ့ ထိုအရာကသူတို့အချစ်ရေးအစပြုဖို့ဖြစ်လာခဲ့တယ််။
တကယ်လို့ သူတို့သာ sexကိစ္စမဖြစ်ခဲ့ဘူးဆိုရင် ချုးရှောင်က လော့လိဆီမှာကျရှုံးသွားမှာမဟုတ်သလို ထိုကိစ္စတွေကလည်းဖြစ်လာမှာမဟုတ်ပေ။
အစကတော့ လင်းဖန်က သူတို့ရဲ့ဆက်ဆံရေးတိုးမလာအောင်သာ တားဆီးချင်ခဲ့တာဖြစ်တယ်။
သို့သော် ထို့နေ့က ချုးရှောင်ကို ကာစီနိုအပြင်ဘက်မှာ တွေ့လိုက်ရကတည်းက လင်းဖန်ဆီမှာ ထူးဆန်းတဲ့အကြံတစ်ခုက သူ့ဆီမှာပေါ်ပေါက်လာခဲ့တယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Roman d'amourအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...