Part 12

254 36 5
                                    

"ဘုရားရေ ! ဒီနေ့စာမေးပွဲရလဒ်တွေ ကြေညာတော့မှာပဲအရမ်းစိတ်လှုပ်ရှားနေပြီ"

"စိတ်လှုပ်ရှားမနေနဲ့ ငါထင်တယ် ငါတို့ထပ်ကျခဲ့ရင်တောင်ဘာမှဖြစ်မှာမဟုတ်ဘူး လင်းဖန်က အတန်းရဲ့ အောက်ဆုံးမှာလေငါတို့အောက်ဆုံးတော့ရမှာမဟုတ်ပါဘူး"

"ဟားဟား မင်းပြောတာမှန်တယ်"

"ရှူး...ထပ်မပြောနဲ့တော့ သူလာနေပြီ"

လင်းဖန်စာသင်ခန်းထဲသို့လမ်းလျှောက်လာတာမြင်တော့ ခုနက စိတ်လှုပ်ရှားစွာ ပြောဆိုနေကြတဲ့ မိန်းကလေးအများစုကတိတ်ဆိတ်သွားကြတယ်။

လင်းဖန်ကပြိုင်ပွဲတစ်ခုကနေ ပြန်လာသလိုမျိုး ပါးပြင်မှာချွေးတွေစီးကျနေတယ်။ အရင်တုန်းကတော့ လင်းဖန်ကသူတို့ရဲ့ပုတ်ခတ်စကားတွေကို ဂရုမစိုက်ခဲ့ဘူး။

အဲ့ဒီ့အချိန်တုန်းကလင်းဖန်ကပျော့ညံ့တဲ့သူတစ်ယောက်ဖြစ်နေခဲ့လို့။

သို့သော် အခုတော့သူတို့ လင်းဖန်ကိုအနည်းငယ်ကြောက်သွားကြတယ်။

ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ရက်အနည်းငယ်က လင်းဖန်က သူ့ကိုရန်စတဲ့ကျောင်သားတွေကိုကြောက်လန့်စေခဲ့တယ်လို့ သူတို့ရဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေဆီကနေကြားခဲ့ရတယ်။

အဲ့ဒီအချိန်တုန်းတော့က ကြည့်ရှု့သူမရှိပေမဲ့ စောင့်ကြည့်ရေးကင်မရာကပြခဲ့တဲ့ သူ့ခေါင်းကို သူအုတ်ခဲနဲ့ ရိုက်ပြီး မျက်နှာမှာသွေးတွေ ဖုံးနေတာကအရမ်းကိုကြောက်စရာကောင်းခဲ့တယ်။
အဲ့တာက တကယ့်ကိုထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။

ဒါကြောင့်သိပ်မကြာခင်မှာပဲသူ့အတန်းဖော်တွေက ဒီအကြောင်းကို ကြားလိုက်ရတယ်။
ဒီမတိုင်ခင်တုန်းကသူတို့ထင်တာ လင်းဖန်က ထိုင်းမှိုင်းတယ် တုံးတယ် ပြီးတော့ဆင်းရဲတယ်ပေါ့။

အခုတော့သူတို့ကလင်းဖန်ကိုရူးနေတဲ့လူတစ်ယောက်လို့ ပြောလိမ့်မယ်။
သူတို့အမြင်မှာတော့ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တဲ့သူဟာ လုံးဝကိုရူးနေတဲ့လူမို့လို့။

အဲ့တာကြောင့်အရင်က လင်းဖန်ကိုအနိုင်ကျင့်တဲ့လူတွေက သူ့ကိုထပ်ပြီး အနိုင်မကျင့်ရဲကြတော့ဘူး။
ဒါပေမဲ့ ဘယ်သူကမှ လင်းဖန်နှင့်စကားမပြောချင်ကြပေ။
တကယ်တော့ ဘယ်သူကမှရူးနေတဲ့လူတစ်ယောက်နဲ့ အဆက်အဆံမလုပ်ချင်ကြဘူး။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now