Part14

138 23 0
                                    

"Hello, မှာထားတဲ့ ပစ္စည်းလာပို့တာပါ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ။ "

လင်းဖန်အိမ်ရောက်ပြီး မကြာခင်မှာပဲ သူပါဆယ်ထုပ်ကို ရခဲ့တယ်။

"အချိန်မှီရောက်သားပဲ"

လင်းဖန်က ပြောပြီး ပေးပို့မှု စာရွက်မှာ သူ့လက်မှတ်ရေးထိုးလိုက်တယ်။

ပါဆယ်ထုပ်မှာ အချိန်မှီရောက်ရှိခဲ့သည်။
လွန်ခဲ့တဲ့သုံးရက်တုန်းက ဝက်ဆိုဒ်တစ်ခုမှာ ပစ္စည်းမှာယူခဲ့တယ်။

မကြာခင်က တိုင်ဖွန်မုန်တိုင်းဖြစ်ပွားခဲ့သော်လည်း ပို့ဆောင်မှုကို ထိခိုက်ခြင်းမရှိစေခဲ့ကြောင်းထင်ရှားသည်။

ပစ္စည်းရဲ့ အကြောင်းအရာနဲ့ ပတ်သတ်လို့ကတော့.....

"အထုပ်ကိုကူသယ်ပေးရမလား"

"မလိုပါဘူး ကျေးဇူးပါ"

"ကောင်းပါပြီ ပျော်ရွင်တဲ့ နေ့တစ်နေ့ဖြစ်ပါစေ"

ပို့ပေးတဲ့သူ ထွက်သွားပြီးနောက် လင်းဖန်က
အထုတ်ကိုသူ့အိမ်ထဲသို့ သယ်ဆောင်ခဲ့တယ်။

ထိုအရာတွေက ဓာတုကိရိယာတွေနဲ့ ဇီဝဓာတုပစ္စည်းတစ်ချို့ဖြစ်တယ်။ ထိုဓာတုပစ္စည်းတွေက သာမန်ဖြစ်ပြီး အလွယ်တကူရရှိနိုင်ပေမဲ့ နိုင်ငံတကာက တားမြစ်ထားတဲ့Diethylstibestrol ဆိုတဲ့ ဆေးတစ်မျိုးကတော့ ရဖို့ခက်ခဲသည်။

ဒါပေမဲ့ 'ပိုက်ဆံက မြည်းမတစ်‌ေကာင်ကိုတောင်ပြေးအောင်လုပ်နိုင်တယ်' လို့တရုတ်လူမျိုးတွေပြောကြတယ်။

နောက်ဆုံးမှာတော့ လင်းဖန်က အခုချမ်းသာသွားပြီ။
သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ယွမ်2.8millionတောင်ရှိတယ်။

တကယ်တော့ အဲ့အချက်ကမှားနေတယ်။
သူရဲ့ဘဏ်အကောင့်ထဲမှာ လက်ရှိ 13million ထက်ကျော်သွားပြီ။

လင်းဖန်က 10millionကို တစ်လထဲနဲ့ ဘယ်လိုရခဲ့တာလဲဆိုတော့.....

သူအရင်ဘဝတုန်းက ချမ်းသာချင်တဲ့ စိတ်မျိုးမရှိခဲ့ဘူး။ အဲ့တာကြောင့် သူကပြန်မွေးဖွားလာပေမဲ့ ထီပေါက်မဲ့လက်မှတ် ဒါမှမဟူတ် ဘယ်စတော့ရှယ်ယာက မြတ်မှာလည်းဆိုတာ အခုထိမသိသေးပါ။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ်Where stories live. Discover now