ယွမ်100, 200, 250 ,270....
သူခိုးယူခဲ့သည့် ယွမ်5000000 လင်းဖန်သည်လောင်းကစားမှအနိုင်ရရှိခဲ့သည့်ယွမ် 2,800,000ကိုပါ ရရှိခဲ့သည်။
ချမ်းသာတဲ့ လူတွေအမြင်မှာတော့ ထိုပိုက်ဆံက သူတို့ချစ်သူတွေကို ကားဝယ်ဖို့မျှသာ လုံလောက်သော်လည်း ဆင်းရဲတဲ့လူတွေရဲ့အမြင်မှာတော့ ဒါဟာ များပြားလှတဲ့ ငွေပမာဏပါပဲ။
အများစုမှာ သူတို့တစ်သက်တာတွင်
ထိုမျှလောက်ငွေပမာဏကို မရှာနိုင်ကြပေ။"ကောင်းကောင်းလုပ်ခဲ့တယ်"
လင်းဖန်သူ့ကိုယ်သူ တွေးလိုက်သည်။သူက သူရရှိခဲ့တာနဲ့ ပတ်သတ်ပြီးအရမ်းကို ကျေနပ်နေတယ်။
လင်းဖန်က သူ့ချစ်ပ်တွေကိုစုနေတာမြင်တော့ ဒိုင်က မျက်ခုံးတစ်ချက်ပင့်ပြီးမေးလိုက်သည်။ "ထပ်မလောင်းတော့ဘူးလား?"
လင်းဖန်ကပြုံးပြီး ပြန်ပြောလိုက်တယ်။
"မလောင်းတော့ဘူး.. ဒီလောက်ဆိုရပြီ"သူ့ရဲ့အဖြေက AG ကောင်လေးတစ်ယောက်အနေနဲ့ဆို ပုံမှန်ပါပဲ။
လင်းဖန်မှာ ယွမ်နှစ်သန်းကျော်ရှိနေပြီ ဖြစ်သည်။ တစ်လ သို့မဟုတ် နှစ်လစာ ယောကျာ်းလေးတစ်ယောက်၏ တနေ့တာကုန်ကျစရိတ်အတွက် လုံလောက်ပါသည်။
ဒီပိုက်ဆံတွေနဲ့ ဒီဇိုင်နာချူပ်အကျီတွေဝယ်ပြီး ကိုယ့်ကိုယ်ကို စမတ်ကျအောင်လုပ်နိုင်တယ်။ဘယ်အချိန်ရပ်ရမလဲဆိုတာသိတဲ့ လင်းဖန်လိုကောင်လေးမျိုးကို မတွေ့ဖူးဘူး။
ဒိုင်က လင်းဖန်နဲ့ပတ်သတ်ပြီး အရမ်းစဉ်းစားနေခဲ့သည်။လင်းဖန်က တခြားလူတွေရဲ့ အတွေးကို
ဂရုမစိုက်ပါဘူး။သူသည် အဝတ်လဲခန်းသို့ သွားပြီးသူ့ရဲ့အဝတ်တွေကိုပြောင်းဝတ်လိုက်သည်။ ထို့နောက် ချစ်ပ်ပြားများနှင့် အတူ ငွေလဲကောင်တာဆီသို့သွားခဲ့သည်။
......
ငွေကိုင်အမျိုးသမီးက "လူကြီးမင်း... စုစုပေါင်း2.8သန်းပါ။ ကျေးဇူးပြုပြီး သင့်ရဲ့ဘဏ်ကဒ်ကိုပေးပါ။ "
"ကျွန်တော် ငွေသားနဲ့ လိုချင်တယ်။ ပိုက်ဆံတွေအားလုံးကို ဒီအိတ်ထဲထည့်ပေးပါ။"
လင်းဖန်က ထိုသို့ပြောပြီး အနက်ရောင် ခရီးဆောင်အိတ်ကို ငွေကိုင်အမျိုးသမီးအားပေးလိုက်သည်။

YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
عاطفيةအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...