Part 1

603 59 0
                                    

သူ့နာမည်လင်းဖန်။ သူက လူတွေအတွက်အရေးပါတဲ့ သူတစ်ယောက်တော့ မဟုတ်ဘူး။
သူက လွတ်မြောက်ဖို့ အတွက် ဆယ်နှစ်ကျော်လောက်အစီအစဉ်ချခဲ့ပြီး နောက်ဆုံးမှာတော့ သူလွတ်မြောက်ခဲ့တယ်။

အခုအချိန်မှာတော့ သူကအမှိုက်ကားဟောင်းတစ်ခုရဲ့ခေါင်မိုးပေါ်မှာထိုင်နေတယ်။
သူ့ကိုကြည့်ရတာ အရိုးပေါ်အရေတင်လိုပိန်ပါးပြီး အားနည်းတဲ့ပုံပေါ်နေသည်။

သူကကြီးမားတဲ့အမှိုက်ကားခေါင်မိုးနဲ့ယှဉ်ရင် အရမ်းသေးငယ်တယ်။ သူ့ရဲ့အညိုရောင်မျက်လုံးတွေကသာ ကြည်လင်ပြီးတောက်ပမနေရင် သူကသနားစရာကောင်းတဲ့ သတ္တ၀ါလို့ထင်မိလောက်တယ်။

သူကအသက်၃၀တောင် မပြည့်သေးဘူး။
သူ့အသက်အရွယ်နဲ့ဆို စွမ်းအင်အပြည့်နဲ့ တက်ကြွနေရမှာဖြစ်ပေမဲ့ လင်းဖန်ကတော့ ချောင်ကျနေတဲ့ပါးပြင်တွေနဲ့ အရမ်းကိုပိန်နေတယ်။

သူကရုပ်မဆိုးပါဘူး။
ဒါပေမဲ့ အရိုးခြောက်လိုမျိုး ဖြူဖျော့ဖျော့ဖြစ်နေတာက အရိုးသားဆုံးပြောရရင် ကြောက်စရာကောင်းတဲ့ သရဲတစ်ကောင်လိုပဲ။
သူကကားခေါင်မိုးကို သူ့ရဲ့ ပျော့ပျောင်းတဲ့ လက်ချောင်းတွေနဲ့ ပုတ်နေတယ်။ ပြောရရင် လင်းဖန်က အသက်မဲ့နေတယ်။ တိတ်ဆိတ်နေပြီး အရာရာကို လျစ်လျူရှူ့ထားတဲ့ လင်းဖန်နဲ့ ခြားနားစွာ လဲ့ဝူကတော့ စိတ်လှုပ်ရှားနေသည်။

"ဟားဟား,၁၆နှစ်ကျော်ကြာပြီးနောက်ဆုံးမှာတော့ငါဒီသောက်ကျိုးနည်းလိုနေရာကထွက်လာနိုင်ပြီ။အပြင်ဘက်ကလေက အရမ်းကိုလက်ဆတ်တာပဲကွ! ညီအကို မင်းကတော့ တကယ့်ကို ဉာဏ်ကြီးရှင်ပဲ! ထောင်ထဲမှာ အစောင့်တွေ ဒီလောက်များတာကိုတောင် ရအောင်ထွက်နိုင်တယ်။"
လဲ့ဝူကစိတ်လှုပ်ရှားစွာပြောလိုက်သည်။

သူရဲ့ ကြမ်းတမ်းတဲ့မျက်နှာက လေးစားမှုတွေနဲ့ ပြည့်နေတယ်။

အစကတော့ လဲ့ဝူက လင်းဖန်အပေါ်ကို အထင်သေးပြီး မထိမဲ့မြင်ပြုခဲ့တယ် အဲ့ဒီအချိန်တုန်းက လင်းဖန်က လေပြင်းလေးတိုက်ရင်တောင် မတ်တပ်မရပ်နိုင်လောက်တဲ့အထိ အားနည်းပြီး သည်းခံတတ်တဲ့ လူလို့ ယူဆခဲ့သည်။ ဒါပေမဲ့ အခုအချိန်မှာတော့ လင်းဖန်ကသူအလေးစားရဆုံးလူ ဖြစ်သွားပြီ။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now