Part 25

409 44 0
                                    

ကွင်းထဲမှာ ရပ်နေတဲ့လင်းဖန်က အရမ်းတည်ငြိမ်တယ်။

သူအရင်ဘဝက မကြာခဏအရိုက်ခံရလို့ နာကျဉ်မှုကိုသိပ်ဂရုမစိုက်တော့တာလည်းဖြစ်နိုင်ပါတယ်။

အဲ့ဒီအရာက ဒီပြိုင်ပွဲမှာ သူ့ကိုကူညီပေးခဲ့တယ်။
သူအနိုင်ရဖို့အတွက် အကောင်းဆုံးလုပ်ဆောင် နေတယ်။သူပိုကြိုးစားပြီး လောင်ချီကိုအနိုင်ရမယ့် နည်းလမ်းကိုစဉ်းစားနေခဲ့တယ်။

လောင်ချီရဲ့လှုပ်ရှားမှုတွေ နှေးလာတာကို သတိထားမိလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းတွေက ကွေးသွားတယ်။

ဒီတစ်ခါမှာ တော့ သူ လောင်ချီရဲ့တိုက်ခိုက်မှုကို မရှောင်လိုက်ဘူး။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ပုခုံးကထိုးနှက်ချက်တစ်ခုကို ရခဲ့တယ်။

သူနာကျဉ်မှု ကြောင့် အော်မိသွားတယ်။

'သေစမ်း! တော်တော်နာတာပဲ။ ဒါပေမဲ့ရိုးရိုးသားသားပြောရရင် ဒီနာကျဉ်မှုက သူ့နှလုံးထဲကိုနံရိုးထိုးသွားတဲ့နာကျဉ်မှုနဲ့တော့ယှဉ်လို့မရဘူး'

လင်းဖန်ကသွားတွေကိုအံ့ကြိတ်လိုက်ပြီး လောင်ချီကိုကြမ်းပြင်‌ပေါ်ကိုအစွမ်းကုန် ဆောင့်ကန်လိုက်တယ်။

အရိုးကျိုးသံ‌တွေထွက်လာပြီး
လင်းဖန်ရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတယ်။

လောင်ချီတစ်ယောက် နောက်သုံးလအထိ ရပ်နိုင်အုံးမှာမဟုတ်ဘူးလို့ လင်းဖန် ယုံကြည်တယ်။

လင်းဖန်သည် လောင်ချီက အလွန်ကြမ်းတမ်းပြီး ခက်ခဲတဲ့ပြိုင်ဘက်တစ် ယောက်ဆိုတာ ဝန်ခံပါတယ်။

သူ့ရဲ့ ပခုံးပေါ်ကနာကျဉ်မှု ကြောင့် အော်ပစ်ချင်စိတ်ကို ပြန်ထိန်းလိုက်တယ်။

သူက လောင်ချီကိုလှည့်ကြည့်လိုက်တာပြီး သူ့ခြေထောက်တွေနဲ့ ယိုင်နဲ့စွာသွားလိုက်သည်။
လောင်ချီက ဒဏ်ရာဆိုးဆိုးဝါးဝါးရသွားပေမဲ့ လင်းဖန်လည်း သူ့ထက်ပို‌‌ကောင်း‌နေတာတော့မဟုတ်ဘူး။

‌ဒါက တကယ့်ကိုကပ်သီးလေးအနိုင်ရသွားတာဖြစ်တယ်။ ဒါပေမဲ့ နိုင်တာက နိုင်တာပါပဲ။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now