Part 7

180 28 0
                                    

Nမြို့တော်တွင် ရွှေကမ်းခြေဖျော်ဖြေရေးဟုခေါ်သော ကာစီနိုတစ်ခုရှိသည်။

ထိုနေရာတွင်ဧည့်ခံသူများနှင့် အမြင့်တက်ဖို့ ကြိုးစားနေသည့် သူများမှ လွဲရင် ကျန်ဝင်ထွက်နေသည့်သူများသည် ချမ်းသာပြီး အာဏာရှိသော သူများဖြစ်ကြသည်။

ကာစီနို တံခါးနှင့် မဝေးသောနေရာတွင် အနက်ရောင်ဘေ့စ်ဘောအကျီဝတ်ထားသော ကောင်လေးတစ်ယောက် ရပ်နေတယ်...

ထိုကောင်လေးက လင်းဖန်။

သူသည်လွန်ခဲ့တဲ့ ၁၀ရက်နဲ့ယှဉ်ရင် ပြောင်းလဲသွားပြီဖြစ်သည်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအဆင့်မြင့်တဲ့နေရာတစ်ခုမှာ သူရပ်နေတဲ့ ပုံစံက စက်ဝိုင်းပေါက်နဲ့ အံဝန်ခွင်ကျဖြစ်အောင်ကြိုးစားနေတဲ့ စတုရန်းပုံတံစို့နဲ့တောင်တူနေသည်။
(သူဒီမှာပြောချင်တာက မလိုက်ဖက်တဲ့ နေရာတစ်ခုမှာ လိုက်ဖက်အောင် အတင်းကြိုးစားနေတဲ့လူနဲ့တူတယ်လို့ ပြောချင်တာပါ။)

သူဒီမှာရှိနေတာက လူချမ်းသာတွေကိုရိုက်ဖို့လည်းမဟုတ်သလို သူ့ရဲ့ အကန့်အသတ်ရှိတဲ့ ကြွယ်ဝမှုကိုပြဖို့လည်းမဟုတ်ပါဘူး။
အဲ့ဒါကြောင့် တခြားလူတွေ သူ့ကိုဘယ်လိုမြင်လည်းဆိုတာ သူဂရုစိုက်မှာ မဟုတ်ဘူး။

သူက ကာစီနိုထဲကိုဝင်ချင်ရုံပါပဲ။
ရွှေကမ်းခြေ ဖျော်ဖြေရေး ကာစီနိုသည် N မြို့တော်ရှိ နာမည်ကြီးကာစီနိုတွေထဲက တစ်ခုဖြစ်သည်။
ဒါက အကြီးဆုံး ကာစီနိုတော့မဟုတ်ပေမဲ့ ဘယ်သူကမှဒီနေရာမှာ ပြသာနာမရှာရဲဘူး။ ဘာလို့လဲဆိုတာ ကာစီနိုပိုင်ရှင်က ချူးရှောင်ဖြစ်နေလို့။

သူက N မြို့တော်အပါအဝင် Jပြည်နယ်တစ်ခုလုံးရဲ့ မြေအောက်ဘုရင်ဖြစ်သည်။ ချူးရှောင်က အသက်၂၈နှစ်ပဲ ရှိသေးပေမဲ့ Nမြို့တော်ရဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ရှယ်ယာ90%ထိပိုင်ဆိုင်ထားသည်။

သူကအစိုးရအရာရှိများနှင့် နိုင်ငံတွင်း ဂိုဏ်ခေါင်းဆောင်တွေနဲ့ပါ အဆက်အသွယ်ရှိသူဖြစ်သည်။
သူကအလွန်ချမ်းသာပြီး အင်အားကြီးသောကြောင့် ကုမ္မဏီတစ်ခုကိုပင် တစ်ရက်ထဲနဲ့
ဒေဝါလီခံရအောင် လုပ်ဆောင်နိုင်စွမ်းရှိသူဖြစ်သည်။ အဲ့တာက သူ့ကိုဘာလို့မြေအောက်ဘုရင်လို့ ခေါ်ရတဲ့အကြောင်းအရင်းပဲဖြစ်တယ်။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ်Where stories live. Discover now