လင်းဖန်က သူ့ကိုကြည့်နေတဲ့မျက်လုံးတွေအောက်မှာ အရမ်းကိုတည်ငြိမ်နေသည်။
သူကငုံ့လိုက်ပြီးအုတ်နီခဲကိုကောက်လိုက်သည်။လူငယ်အုပ်စုရဲ့ခေါင်းဆောင်က မောက်မာပြီး အထင်သေးတဲ့လေသံဖြင့် ပြောလိုက်သည်။
"ဟေ့ ကောင်လေး,မင်းငါ့ကို တိုက်ခိုက်မယ်လို့ မပြောနဲ့နော် ဟားဟား မင်းရဲ့အကြံကိုစွန့်လွှတ်လိုက်တာပိုကောင်းမယ်"
'ဟမ့် အုတ်နီခဲတစ်ချပ်လောက်နဲ့တိုက်ခိုက်တဲ့နေရာမှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး ဒီပျော့တိပျော့ဖက်နဲ့ကောင်လေးက ငါတို့ကိုအနိုင်ယူနိုင်မယ်လို့တော့မထင်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဘက်မှာ လူပိုများတယ်'လို့တွေးလိုက်သည်။
တကယ်လည်းလင်းဖန်က ပြန်ခုခံဖို့အင်အားမရှိပါဘူး။ သူကအုတ်နီခဲကို မကိုင်နိုင်လောက်တဲ့အထိအားနည်းနေသည်။
ဒါပေမဲ့.....
"ဟားဟား..."
လင်းဖန်ရဲ့မျက်နှာမှာကြောက်စရာကောင်းတဲ့အပြုံးတစ်ခုပေါ်လာသည်။"ဟုတ်တယ်...ငါမင်းကိုမရိုက်နိုင်ဘူး
ဒါပေမဲ့ ဒီအုတ်နီခဲနဲ့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ရင်ဘယ်လိုလုပ်မလဲ?
အဲ့ဒီအချိန်ကျရင်မင်းတို့တွေလည်းအဖမ်းခံလိမ့်မယ်။
မင်းထောင်ထဲမှာဘယ်လောက်ကြာကြာနေရမလဲဆိုတာသိလား...?"
လင်းဖန်ကအေးအေးဆေးဆေးမေးလိုက်သည်။သူ့အသံကအားနည်းပြီး ပျော့ပျောင်းနေပေမဲ့ သူ့စကားတွေကတော့ အရိုးထဲထိအေးစက်မှုကိုပေးစွမ်းနိုင်တယ်၊
"ဟေ့ကောင် လာနောက်မနေနဲ့....အားးး"
သူတို့အဖွဲ့ထဲကတစ်ယောက်ကအလန့်တကြားအော်လိုက်သည်။ထိုသူ၏စကားမဆုံးခင် လင်းဖန်က သူ့လက်ထဲကအုတ်နီခဲနဲ့ တုံ့ဆိုင်းတာမျိုးမရှိပဲ သူ့ခေါင်းကိုသူရိုက်လိုက်သည်။
ဦးခေါင်းမှ ဒဏ်ရာမှတစ်ဆင့်သွေးတွေက သူ့မျက်နှာပေါ်သို့စီးကျလာတယ်။ သူ့ရဲ့မျက်လုံးတွေက လူသတ်မှုကိုကျူးလွန်ချင်သလိုမျိုးတောက်ပနေသည်။
"မလုံလောက်သေးဘူးထင်တယ်...
ငါမသေခင်ကိုယ့်ကိုယ်ကို ဘယ်နှချက်လောက်ရိုက်ရမလဲဆိုတာခန့်မှန်းကြည့်..."
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ်
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...