Part 28

110 13 0
                                    

အဲ့တာကိုကြားလိုက်ရတော့ ကောင်မ လေးရဲ့မျက်နှာမှာ စိတ်ပူနေတဲ့အမူအရာ တွေထင်ဟပ်သွားတယ်။

"ဆေးရုံ? နေမကောင်းဘူးလား?

ငါတစ်ခုခုလုပ် ပေးဖို့လိုသေးလား?"

လူတွေအားလုံးက အတူတူပါပဲ...

လင်းဖန်သည် တိုပြီး ညံ့ဖျင်းတဲ့အဝတ်အစားတွေကိုဝတ်ဆင်ခဲ့တယ်။ပြီးတော့ သူကအတန်းရဲ့ အောက်ဆုံးမှာရှိခဲ့တယ်။

ထို့ကြောင့်အတန်းဖော်တွေကို သူ့ကိုနှိမ့်ချကြပြီး ဘယ်သူမှစိတ်မပူကြပေ။

ဒါပေမဲ့ ပြန်မွေးဖွားလာတော့သူက ညစ်ပတ်တဲ့အဝတ်အစား တွေကို မဝတ်ဆင်တော့သလို ဆံပင်ကိုလည်းညှပ်ထားခဲ့တယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် အရပ်လည်းရှည်လာခဲ့ပြီး ယခုအချိန်တွင် သူကတကယ့်ကိုကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်နေပြီ။

အဲ့တာအပြင် သူ့ရဲ့လေ့လာမှုတွေကလည်း တိုးတက်လာပြီး ထိပ်တန်းကျောင်းသားတစ်ဦးလို့ပင် ခေါ်ဆိုလို့ရနိုင်သည်။

လင်းဖန်က ပြုံးလိုက်ပြီး
"မလိုပါဘူး ကျေးဇူးပါ။ ဒါကအရမ်းပြင်းထန်တာမျိုးမဟုတ်ပါဘူး။ဒီတိုင်း ဒုတိယအကြိမ် ကျန်းမာရေးစစ်ဆေး ရုံပါပဲ"

ကျောင်းမှထွက်လာပြီး လင်းဖန်က ဆေးရုံကို
မသွားခဲ့ပေ။

သူက ရှောပင်းမောလ်တစ်ခုကိုသွားလိုက်ကာ ကျောင်းဝတ်စုံကိုချွတ်လိုက်ပြီး အဖြူရောင်တီရှပ်တစ်ထည်ဝတ်လိုက်တယ်။

ထို့နောက် ဖြတ်သွားတဲ့ တက္ကစီတစ်စီးကိုတားလိုက်ပြီး
"ကျွန်တော့်ကို ယုတိုင်းခရိုင် အမှတ်77 တီကျိုလမ်းကိုမောင်းပေးပါ"

ဒါကိုကြားလိုက်တော့ ကားသမားက လင်းဖန်ကို မှန်ထဲကနေစိုက်ကြည့်လာသည်။

'ကောင်လေးကိုကြည့်ရတာ ငယ်ငယ်လေးနဲ့ သန့်သန့်လေးပါ။ ဘာလို့ တီကျိုလမ်းကိုသွားချင်ရတာလဲ?.....
တီကျိုလမ်းက နေရာကောင်းတစ်ခုမဟုတ်ပေ။ အဲ့ဒီမှာအကျဉ်းထောင်တစ်ခုရှိပြီး အဲ့ထဲမှာလူသတ်မှုနဲ့ပတ်သတ်တဲ့ ရာဇဝတ် ကောင် တွေအများကြီးရှိတယ်။
သူတို့မိသားစုတောင် သူတို့ဆီလာတာ တော်တော်နည်းတယ်။
အမ်း..ဒီကောင်လေးကအန္တရယ်ရှိပုံပဲ'

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now