"ဟေ့ ကလေးလေး..မင်းအသက်၁၈နှစ်ကျော်ပြီလား"
"မင်းအိမ်စာတွေကော လုပ်ပြီးပြီလား။
လိမ္မာတဲ့ကလေးတွေကဒီကိုမလာသင့်ဘူးနော်"လင်းဖန် ကာစီနို တံခါးဝသို့ မရောက်မှီ လူငယ်များနဲ့ကောင်မလေးအများစုက တားဆီးလာခဲ့သည်။
သူတို့ အားလုံးက ဖော်ရွေမှုမရှိပဲလှောင်ပြောင်တဲ့ အပြုံးတွေကိုသာ တပ်ဆင်ထားကြတယ်။သူတို့အားလုံးက ရှပ်အကျီအဖြူ၊အပြာရောင်ဘောင်းဘီရှည် သို့မဟုတ် စကပ်တွေကို ဝတ်ဆင်ထားကြပေမဲ့ သူတို့သည် ကာစီနို၏ဧည့်ခံသူများမဟုတ်ကြပေ။
သူတို့သည် ကာစီနိုနှင့် စာချူပ်ချုပ်ထားသော်လည်းကာစီနိုဘက်မှသူတို့အား လုံးဝ ထိန်းချုပ်ထားခြင်းမရှိပေ။
သူတို့ကို AGဟု ခေါ်ကြသည်။
ပိုပြီးတိတိကျကျပြောရမယ်ဆိုရင်တော့ သူတို့၏အလုပ်မှာ ကာစီနို၏ အထူးဧည့်သည်များကိုဖျော်ဖြေပေးရန်ဖြစ်သည်။သူတို့နေ့တိုင်း ဒီကိုလာရတဲ့ ရည်ရွယ်ချက်က SugarDaddy ရှာဖို့အတွက်ပါပဲ။
ဒီမှာအရောင်းအဝယ်တွေလည်းရှိသလို ပြိုင်ဆိုင်မှုတွေလည်းရှိတယ်။ သိသာထင်ရှားစွာပဲသူတို့က လင်းဖန်ကို ပြိုင်ဘက်တစ်ယောက်လို မြင်နေကြသည်။
ချူးရှောင်ကအရွယ်မရောက်သေးဘူးများ
လာရောက်လုပ်ကိုင်ခြင်းကို တားမြစ်ထားပြီးစည်းကမ်းကြီးသူလည်းဖြစ်သည်။ကာစီနိုက အသက်မပြည့်တဲ့ လူငယ်တွေ လုပ်ကိုင်တာကိုတားမြစ်ထားပေမဲ့
တချို့ လူငယ်တွေကတော့ အမြင့်ကိုတက်နိုင်မယ့် နည်းလမ်းတွေကိုလာရောက်ရှာဖွေကြသည်။တကယ်လို့ ချမ်းသာသည့်ဧည့်သည်များက စိတ်ဝင်စားပြီးခေါ်ဆောင်သွားပါ့က ကာစီနိုမှဝန်ထမ်းများက ဝင်စွက်ဖက်မည်မဟုတ်ပါ။
ဒီလိုဖြစ်ရပ်များကအဖြစ်နည်းတယ်ဆိုပေမဲ့ ဆယ်ကျော်သက်လေးတွေက သူတို့ရဲ့ ကံကောင်းမှုကိုလာရောက်စမ်းသပ်လိုကြသည်။
နောက်ဆုံးမှာတော့ လူချမ်းသာအချို့က ဆယ်ကျော်သက်လေးများနှင့် အိပ်လိုကြသည်။အဲ့ဒီအချက်တွေကြောင့် လူငယ်တွေနဲ့ မိန်းမပျိုလေးတွေကသူတို့နေရာကိုကာကွယ်လိုကြသဖြင့် လင်းဖန်ကိုရန်လိုနေခြင်းဖြစ်သည်။

YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
عاطفيةအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...