"F*ck!! မင်းကိုဘယ်ကောင်ပြောလိုက်တာလဲ!? ငါ့ကိုပြော!"
လဲ့ဝူကပြန်လှည့်လာပြီး လင်းဖန်ကိုစူးစူးဝါးဝါးကြည့်ကာ မေးလိုက်သည်။သူ့ရဲ့မျက်လုံးတွေကနီနေတယ်...
အရင်ဘဝတုန်းက လဲ့ဝူက လင်းဖန်ကို သူ့အကြောင်းတွေ ပြောပြတဲ့အချိန်ကို သတိရလိုက်တယ်။
အဲ့တုန်းကလည်း လဲ့ဝူရဲ့မျက်လုံး တွေက အခုလိုပဲနီနေတယ်..
"ယုံချင်ယုံ မယုံချင်နေ ငါမင်းကိုသိတယ်"
လင်းဖန်သူ့မျက်ခွံကို အောက်ချလိုက်တယ်။အရင်ဘဝတုန်းက လဲ့ဝူက ဒီအကြောင်းတွေကို သူအလွန်အမင်းယုံကြည်ပြီး အားကိုးရတဲ့လင်းဖန်မှလွဲပြီး တခြားသူတွေကို မပြောပြခဲ့ပေ
။
လင်းဖန်မှလွဲ၍ ကျန်တဲ့သူတွေက သူ့ကို လူသတ်သမားလို့ပဲ သဘောထားကြတယ်။"မင်းမှာ သားတစ်ယောက်ရှိတယ်။သူက6နှစ်ရှိပြီ။ဟုတ်တယ်မို့လား"
"ပိတ်ထား! မင်းပါးစပ်ကိုပိတ်ထား!!"
လဲ့ဝူအတွက် သေသွားတဲ့သူ့မိန်းမနဲ့ သူ့သားက တက်တူးလိုပဲ ဖြစ်နေတယ်။
သူဘယ်တုန်းကမှ အဲ့ဒီအယုတ်တမာကောင်တွေကိုသတ်ခဲ့လို့ နောင်တမရဘူး။ သူက သူ့မိန်းမနဲ့သားကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့တဲ့
သူ့ကိုယ်သူပဲမုန်းတယ်။"ငါဆိုလိုတာက မင်းရဲ့သားက အသက်ရှင်နေတုန်းပဲ။သူ့ရဲ့အသက်ကအခု 6နှစ်ရှိပြီ။"
အရင်ဘဝတုန်းက လဲ့ဝူက လင်းဖန်ကို သူ့ရဲ့သားက အသက်ရှင်နေသေးတာလည်းဖြစ်နိုင်တယ်လို့ ပြောခဲ့တုန်းက လဲ့ဝူးရဲ့သားကို ရှာပေးမယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့ အဆုံးမှာတော့ သူ့ရဲ့စကားအတိုင်းမလုပ် ဆောင်နိုင်ခဲ့ဘူး...
အခုပြန် မွေးဖွားလာတဲ့အချိန်မှာတော့ လဲ့ဝူ ပေးခဲ့တဲ့ သဲလွန်စ တွေနဲ့ သူ့သားကို ချောချောမွေ့မွေ့ရှာနိုင်ခဲ့တယ်။
"မင်းရဲ့သားက ဒီနေရာနဲ့မနီမဝေးက စိမ်းလန်းသောသစ်ပင်ဆိုတဲ့မိဘမဲ့ဂေဟာ မှာ ရှိနေတယ်။
ရဲတွေက မင်းသူတို့ကိုသတ်ပြီးတဲ့ နောက်ပိုင်းမှာ မင်းမိန်းမကို ဆေးရုံကိုပို့ခဲ့ကြတယ်။
မင်းမိန်းမက သွေးထွက်လွန်ပြီး သေသွားပေမဲ့ မင်းရဲ့ကလေးကတော့ လမစေ့ပဲ မွေးခဲ့ပေမဲ့ အသက်ရှင်ခဲ့တယ်။"
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...