လူနေအဆောက်အအုံတစ်ခုရဲ့ လမ်းကြားတွင် သူမ၏ပစ္စည်းများကို ထုပ်ပိုးနေသော အဘွားတစ်ယောက်က မေးလာခဲ့တယ်။
"အို,ဖန်.. မင်းဘယ်သွားတာလဲ..ခရီးကနေ ပြန်လာတာလား? မင်းဘာလို့ ဒီလိုအိတ်ကြီးတစ်လုံးသယ်လာတာလဲ?"
လင်းဖန်ကခပ်အေးအေးဖြင့်ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး ကျွန်တော့အမေက ပစ္စည်းတစ်ချို့ပို့လိုက်လို့ပါ""အို့ ကြည့်ရတာ ချန်းရှောင်ဟောင်က မကောင်းတဲ့အမေတစ်ယောက်တော့ မဟုတ်ဘူးနဲ့တူတယ်"
"အင်း..ဖြစ်နိုင်ပါတယ်"
တကယ်တော့ သူမက အမေတစ်ယောက်ဖြစ်ဖို့တောင်မသင့်တော်ဘူး။
အရင်ဘဝတုန်းက သူမက သူ့ကိုထောက်ပံ့တာတွေကိုရပ်လိုက်ပြီး သူနဲ့ပတ်သတ်တဲ့ အဆက်အသွယ်အားလုံးကို ဖြတ်သွားခဲ့တယ်။ကြည့်ရတာ သူမက သူသေသေရှင်ရှင် ဂရုမစိုက်ဘူးနဲ့တူတယ်။
"ဒီမှာ ယွမ်500 နောက်သုံးလအထိ နေ့တိုင်းနွားနို့တစ်ပုလင်း မှာပေးပါအုံး"
လင်းဖန်က AGဆီမှလိမ်လည်ပြီးရခဲ့တဲ့ ပိုက်ဆံကိုအဘွားကိုပေးခဲ့ပြီး သူရဲ့လေးလံသောအိတ်ကိုဆွဲက အိမ်သို့ပြန်ခဲ့တယ်။မကြာခင်မှာပဲ အာဟာရကောင်းကောင်းပြည့်ပြီး လေ့ကျင့်ခန်းတွေ ပိုလုပ်လာမယ်လို့ ယုံကြည်တယ်။ ......
ထိုအတော်အတွင်းမှာပဲ လောင်းကစားရုံ၌
ရုန်ဟွားသည် ချူးရှောင် ရုတ်တရပ်ရောက်လာသဖြင့် အံ့ဩသွားသည်။"ဘော့စ်, ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?"
"ဘာလဲ ငါ့ကိုမကြိုဆိုဘူးလား?"
သူ့ရဲ့ညာလက်ရုံးလည်းဖြစ်တဲ့ရုန်ဟွားကို မျက်ခုံးတစ်ချက်ပင့်ကာမေးလိုက်သည်။"သေချာပေါက် ဘယ်ဟုတ်မလဲ။ ဘော့စ်
ကျွန်တော့ရဲ့ သေးငယ်တဲ့ နေရာလေးက ဘော့စ်ရဲ့တည်ရှိမှုကြောင့် အရမ်းကိုဂုဏ်ယူရပါတယ်။ ကျွန်တော်က ဒီတိုင်းနည်းနည်းအံ့ဩသွားရုံပါ"ချူးရှောင်ကအလေးအနက်မထားဟန်ဖြင့်ပြောလိုက်သည်။
" ငါ့နောက်လိုက်လာတဲ့သူတွေရှိတယ် အဲ့တာကြောင့် သူတို့ကို ရှောင်ဖို့လာခဲ့လိုက်တာ"
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Любовные романыအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...