Part 46

180 28 0
                                    

"ချန်းဖုန်း ဝင်လာခဲ့"

သူတို့ချုးရှောင်ရဲ့စိတ်တိုရတဲ့အကြောင်းအရင်းနဲ့ ပတ်သတ်ပြီးပြောနေတုန်းမှာပဲရုံးခန်းထဲမှ
ချူးရှောင်ရဲ့ အေးစက်တဲ့လေသံနဲ့ခေါ်သံကို ကြားလိုက်ရတယ်။

ရုန်ဟွားနဲ့လင်းထျန်းချန်က ချန်းဖုန်းအား အဆင်ပြေပါစေဆိုတဲ့အပြုံးလေးပြုံးပြပြီးတုံံ့ဆိုင်းခြင်းမရှိပဲ ထိုနေရာမှ ထွက်ပြေးသွားကြတယ်

"ဘောစ့်"

"မင်းသူ့ကိုရှာတွေ့ပြီလား"

ချန်းဖုန်းကချုးရှောင်ဘာကိုပြောချင်တာလဲဆိုတာသိပါတယ်..

ဒါပေမဲ့....

သူ့ရဲ့မျက်လုံးတွေကအရောင်ဖျော့သွားပြီး

" ဟင့်အင်း မရှာတွေ့သေးပါဘူး"

ချန်းဖုန်းကလည်းချုးရှောင်လိုပါပဲ သူတို့က ရည်ရွယ်ချက်ချင်းမတူပေမဲ့ ဖန်းမင်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလတ်တွေကို အသေးစိတ်လေ့လာကြတယ်။

သူက ဖန်းမင်ရဲ့ကိုယ်ရေးကိုယ်တာအစစ်ကိုသိရဖို့လေးလကျော်လောက် အချိန်သုံးစွဲခဲ့ပေမဲ့
ဖန်းမင်းဘယ်နေရာမှာရှိနေသည်ကိုပင် မရှာနိုင်ခဲ့ပေ။

ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ ဖန်းမင်သည် မိမိကိုယ်ကို ဖုန်းကွယ်တဲ့နေရာမှာအလွန်တော်လို့ ဒါမှမဟုတ်ရင် အခွင့်ထူးခံလူတန်းစားကနေ ဆင်းသက်လာလို့သာဖြစ်သည်။

ချူးရှောင်က ခေါင်းမော့ပြီး ချန်းဖုန်းကို အေးစက်စက်ကြည့်လိုက်ကာ

"မင်း ငါ့ကိုပြောချင်တာ ဒါပဲလား"

ဒါကိုကြားတော့ ချန်းဖုန်းရဲ့မျက်နှာက ပြောင်းလဲသွားပြီး

"တောင်းပန်ပါတယ်ဘောစ့် ကျွန်တော်တာဝန်မကျေခဲ့ပါဘူး"

"မင်းသူ့အကြောင်းဘာသိထားသေးလဲ"

"အခုထိတော့ ဖန်းမင်ရဲ့ ရန်ပုံငွေ အကောင့် အချို့ကိုရှာတွေ့ခဲ့ပါတယ်။"

ချန်းဖုန်းက တစ်စက္ကန့်လောက်ရပ်သွားပြီး

"ဒါပေမဲ့ မနေ့ကအမှတ်7 အထက်တန်းကျောင်းက POS စက်တစ်ခုကနေဖန်းမင်ရဲ့ဝယ်ယူမှုမှတ်တမ်းကို တွေ့ခဲ့ပါတယ်။"

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now