Part 45

242 30 0
                                    

လင်းဖန်တင်မဟုတ်ပါဘူး။

ချူးရှောင်ရဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ ရုန်ဟွာ၊ ချန်ဖန်း လင်းထျန်းချန်တို့ကလည်း
ချုးရှောင် ထိုသို့ပြုလုပ်သည်ကို နားမလည်ကြပါ။

ပထမတော့ ချူးရှောင်က လင်းဖန်ကို ဒေဝါလီခံရအောင်လို့နည်းလမ်းမျိုးစုံသုံးခဲ့သည်။ ဖန်းမင်ကို လက်စားချေချင်နေတယ်လို့ထင်ခဲ့ကြသည်။

တခါတရံ ဖန်းမင်ကို လွှတ်ပေးထားပေမဲ့ သူစိတ်ကောင်းဝင်နေလို့ဟုပဲထင်ခဲ့ကြသည်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့....

ချုးရှောင်က ဖန်းမင်ကို ဒေဝါလီခံရအောင်လုပ်တဲ့နေရာမှ လွှတ်ပေးလိုက်သည့်အပြင် ဖန်းမင် ငွေရအောင်လည်းပဲ ပြုလုပ်ပေးခဲ့သည်။

သူတို့ ချူးရှောင်ဘာလုပ်နေတာလည်းဆိုတာသိပေမဲ့ မပြောကြပေ။

မကြာသေးခင်ကပဲ ချုူးရှောင်ရဲ့ စိတ်အခြေအနေက မတည်ငြိမ်ပေ။ အပြင်က ပြန်လာသော ရုံဟွားက ချန်းဖန်းကို တံတောင်ဖြင့် ထိုးလိုက်ပြီး

"ဟေ့ ဖန်း ဘောစ့်ဘာဖြစ်နေတာလဲ? ကြည့်ရတာ စိတ်တိုနေတဲ့ပုံပဲ"

"ငါလည်းမသိဘူး"

ရုန်ဟွားက အရမ်းကိုမိုက်မဲတဲ့အတွက် သူနဲ့စကားမပြောချင်ပေ။

"လာနောက်နေတာလား?
မင်း ဘောစ့်နဲ့ တနေကုန်နေ နေပြီး သူ့ဘာလို့စိတ်ဆိုးတာလည်းဆိုတာတောင် မင်းမသိဘူးလား.။ မင်းအဲ့လောက်တောင်တုံးရလား?"

ဒါကိုကြားတော့ ချန်းဖန်းရဲ့ နှုတ်ခမ်းတွေက တွန့်သွားပြီး မဆိုင်းမတွဖြေလိုက်တယ်

" မင်းကမှ သောက်ကျိူးနည်းအောင်တုံးတာ။
ဖန်းမင်ကလွဲပြီး ဘယ်သူက ဘောစ့်ကို ဒေါသထွက်အောင်လုပ်ရဲမှာလဲ?"

ရုန်ဟွားက ရှက်သွားပြီး ချောင်းအနည်းငယ်ဆိုးလိုက်ကာ

"အဲ့တာကိုမေ့သွားတယ်....ဖန်းမင်ကဘာလုပ်လိုက်လို့လဲ။"

နောက်ဆုံးတစ်ကြိမ် ချူးရှောင်ဒေါသထွက်တုန်းက သူတို့အားလုံး ဖန်းမင်းအကြောင်းပြောခဲ့တယ်။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now