လင်းဖန်တစ် ယောက် ပြိုင်ပွဲကွင်းထဲကို လျှောက်သွားတာကိုကြည့်ပြီး လော့တစ်ယောက်ယုံကြည်ဖို့ခက်ခဲနေခဲ့တယ်။
'ပြီးခဲ့တဲ့လက ကားဝယ်ဖို့အတွက် ကျားသစ်ဆီက ယွမ်50000ချေးခဲ့တာ အခုထိပြန်မဆပ်နိုင်သးဘူး။
ဒါပေမဲ့ ဒီကောင်လေးကကျ တော့ ယွမ်100,000ကိုပေါ့ပေါ့ပါးပါးနဲ့လောင်းကစားလုပ်ပလိုက်တယ်။သေစမ်း.!သူကချမ်းသာပြီး ကိုယ်လုပ်ချင်ရာလုပ် နေတာပဲ။ဖြစ်နိုင်တာက သူကချမ်းသာတဲ့မိသားစုထဲက ဒါမှမဟုတ် မျိုးရိုးမြင့်ထဲကလာတဲ့သူဖြစ်လောက်တယ်'
လော့သူ့ဘာသူတွေးလိုက်သည်။လင်းဖန်က ပြိုင်ပွဲကွင်းထဲကိုသွားလိုက်တယ်။သူ့ပုံစံကတည်ငြိမ်နေတယ်။
"အိုးးကောင်လေး မင်းကိုကြည့်ရတာအားပျော့သလိုပဲ ကျားသစ်ကဟုတ်ကောဟုတ်ရဲ့လား.."
"ငါတော့သဘောမတူဘူး ဒီကောင်လေးကိုကြည့်ရတာ လောင်ချီကိုယှဉ်နိုင်မဲ့ပုံမပေါ်ဘူး"
"ဟေ့ကောင် ငါတို့ဒီကိုလာတာ လူရိုက်ခံရတာကြည့်ဖို့မဟုတ်ဘူး။ တကယ်လို့နောက်တစ်ပွဲမှာငါကျေနပ်မှုမရရင် ငွေပြန်အမ်းခိုင်းမှာ!"
ပရိတ်သတ်တွေက စတင်ပြီးမကျေနပ်ကာအော်ဟစ်လာကြတယ်။
လင်းဖန်က သူတို့ဆဲဆိုသံတွေကို မကြားသလိုမျိုးနေလိုက်တယ်။သူက သူ့ပြိုင်ဘက်ကို အပေါ် အောက်ကြည့်ကာ စိတ်ရင်းနဲ့ချီးကျူးလိုက်သည်။
"မင်းကတိုက်ခိုက်တဲ့ နေရာမှာတကယ် တော်တာပဲ"
သူရဲ့ပြိုင်ဘက်လောင်ချီက အရပ်အရမ်းမရှည်ပေမဲ့ အလွန်သန်မာသည်။ ထို့အပြင်သူ့ရဲ့မျက်လုံးတွေကလူသတ်ချင်တဲ့စိတ် ပြင်းပြတဲ့ပေါ်နေတယ်။
သိသာစွာပဲ ဒီလူက မြေအောက်လောကရဲ့တိုက်ခိုက်ရေးကွင်းမှာ နှစ်တော်တော်ကြာ နေရာယူထားတဲ့သူဖြစ်တယ်။
လင်းဖန်ကသူ့ရဲ့ပြိုင်ဘက်ကို ကျေနပ်တယ်။
ဒါပေမဲ့ သူ့ရဲ့ပြိုင်ဘက်လာင်ချီက သူ့ကိုအပေါ် အောက်ကြည့်လိုက်ပြီး
"မင်းကအရမ်းအားနည်းလွန်းတယ်။ အားမရှိတဲ့လူတစ်ယောက်နဲ့တိုက်ရတာပျင်းစရာကောင်းလွန်းတယ်။
အဲ့တာကြောင့် ကောင်လေး ငါမင်းကိုရွေးချယ်စရာပေးမယ်။မင်းရဲ့အသက်ကိုနှမြောရင် ဒူးထောက်ပြီးအရှုံး ပေးလိုက် တော့"
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Roman d'amourအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...