Part 20

489 54 0
                                    

လင်းဖန်အနေနဲ့ ချူးရှောင်ကို အနီးကပ်မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်။

အခန်းထဲမှာ မှိန်း‌‌နေ ပေမဲ့ ချုးရှောင်ရဲ့ နူးညံ့သိမ် မွေ့တဲ့အသွင်အပြင်က လင်းဖန်ကိုချက်ချင်းဖမ်းစားသွားခဲ့သည်။

သူကထူးထူးခြားခြားကို ကြည့်ကောင်းနေတယ်။

တကယ်တော့ ချုးရှောင်က လော့လိထက်ပိုပီး ချောတယ်။ ပိုပြီးတိတိကျကျ‌ပြောရမယ်ဆိုရင်‌တော့ သူကိုလှတယ်လို့ ဖော်ပြလို့ရတယ်။

သူက အာဏာကြီးပြီး လူတွေနဲ့ခပ်ကင်းကင်း နေလို့သာ လူတွေက သူ့အလှကို လျစ်လျုရှု့ခဲ့ကြတာဖြစ်တယ်။

အဲ့တာထက် ဘယ်သူကမှ
"မင်းကလှတယ်လို့" ပြောရဲကြမှာမဟုတ်ပေ။

ဒါပေမဲ့ လင်းဖန်ကတော့ ချွင်းချက်ဖြစ်သည်။
သူကချုး‌ရှောင်ကိုကြည့်လိုက်ပြီး

"မင်းကအရမ်းလှတာပဲ...."

လင်းဖန်က သူ့ရဲ့ဆရာလော့လိသည် ပြိုင်ဘက်ကင်းအလှတရားကိုပိုင်ဆိုင်ထားတယ်လို့ထင်ခဲ့တာဖြစ်သည်။

ဒါပေမဲ့ချုးရှောင်နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ လော့လိက တကယ့်ကို သာမာန်ပဲဖြစ်သည်။

သူ့ရဲ့တစ်ခုတည်းသော အားသာချက်က သူ့မှာဖြူစင်တဲ့သွင်ပြင်ရှိ‌နေခြင်းဖြစ်သည်။

ချုးရှောင်မှာ ယခုအချိန်တွင် ထူးခြားစွာ
ဆွဲဆောင်မှုရှိနေသည်။

အကြောင်းကတော့ သူ့ရဲ့ ပန်းရောင်သန်းနေတဲ့ မျက်နှာနဲ့သူ့ရဲ့မျက်လုံးတွေကတောက်ပနေသောကြာင့်ဖြစ်သည်။

'ငါသူ့ကိုအရှက်ခွဲချင်တာလား?....
ဘယ်ဟုတ်မလဲ။ သူ့ရဲ့ လှပမှုတွေကိုဖော်ပြချင်တာပါ။'လင်းဖန်ကသူ့လုပ်ရက်ကိုဆင်‌ခြေပေးလိုက်သည်။

'သူ့ငါ့ကိုအရှက်ခွဲချင်နေတာလား?...မဖြစ်နိုင်ဘူး!သူက‌သေဖို့လမ်းရှာနေတာပဲ။'လို့ချုးရှောင်တွေးလိုက်သည်။

ဒီအခိုက်အတန့်မှာ သူက ဒီလူယုတ်မာကိုသတ်ပစ်ချင်စိတ်ကလွဲ၍ကျန်တာမရှိတော့ပေ။

သို့သော်စိတ်မကောင်းစွာဖြင့် စိတ်ကြွဆေးရှိန်ကြောင့် စိတ်ဆန္ဒပြင်းပြနေကာ အမြင်အာရုံတွေကမှုံဝါးနေခဲ့သည်။

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now