Part 29

416 39 0
                                    

တက္ကစီသမားက လင်းဖန်ကို ကား မောင်းရင်း
မှန်ထဲက နေကြည့်လိုက်ကာ

"ဟေ့ကောင်လေး..ငါတို့က စည်းကမ်းရှိတဲ့နိုင်ငံသားတွေဖြစ်ရမယ်
အမှိုက်ကို ကားမှန်ကနေလမ်းဘေးကို အဲ့လိုမျိုးပစ်တာက ယဉ်ကျေးမှုမရှိဘူး"

အဲ့ဝာာအပြင် CCTVမှ ဖမ်းမိသွားရင် ကားသမားကဒဏ်ငွေဆောင်ရမှာဖြစ်တယ်။

"ကျွန်တော်အဲ့တာကို အမှိုက်ပုံးထဲကို ပစ်လိုက်တာ"

သူ့ရဲ့အသံက ကြောက်စရာကောင်းလောက်အောင် အေး‌‌စက်နေခဲ့တယ်။

သူ့ရဲ့ခံစားချက်တွေဆိုးဝါးနေတယ်။အဲ့တာက ‌ကားသမားကြောင့်မဟုတ်ပါဘူး။ ရုတ်တရပ်ချုးရှောင်ရဲ့အချစ်တော်တွေကို တွေးလိုက်မိသောကြောင့်သာဖြစ်တယ်။

တက္ကစီသမား သူ့စက်ကွင်းထဲကိုဝင်သွားတာတော့ ကံမကောင်းတာပါပဲ...

တက္ကစီသမားကလင်းဖန်စိတ်ထဲဘာတွေးနေလဲဆိုတာမသိပေမဲ့ လင်းဖန်ရဲ့မျက်လုံးထဲက လူသတ်ချင်နေတဲ့အကြည့်တွေကြောင့် သူ့နှလုံးကတုန်လှုပ်သွားတယ်။

လင်းဖန်ရဲ့ အေးစက်နေတဲ့မျက်နှာကိုမြင်လိုက်ပြီး ကြောက်ရွံသွားတယ်။

'သေစမ်း...သူကငယ် သေးတဲ့ပုံပေမဲ့ သူ့ကိုကြည့်ရတာ အရမ်းအန္တရာယ်များတဲ့ပုံ ပေါ်နေတယ်..
ငါအခုသိသွားပြီ။ ရာဇဝတ်မှုကိုကျုးလွန်တဲ့လူ တွေကို သူတို့အသွင်အပြင်ကိုကြည့်ပြီးဆုံးဖြတ်လို့မရနိုင်ဘူးဆိုတာပဲ....ငါ့ကို မပြောနဲ့နော် သူကလူသတ်မှု၊မီးရှို့မှု၊ဓားပြမှုတွေနဲ့တခြားရာဇဝတ်မှုတွေကိုကျူးလွန်ထားတဲ့ ရာဇဝတ် ကောင်ဆိုတာ...'
တက္ကစီသမားစိတ်ထဲ တွေးလိုက်မိသည်။

တက္ကစီသမားက သူ့ရဲ့ခန့်မှန်းချက် တွေကို တကယ်ထင်သွားပြီး ကားစတီယာကို တင်းတင်းကျပ်ကျပ်ကိုင်လိုက်ကာ တီကျိုလမ်းသို့ ရောက်အောင်အရှိန်ပြင်းပြင်းဖြင့် မောင်းလိုက်သည်။

"မင်းသွားချင်တဲ့နေရာက ရှေ့ဆိုရောက်ပြီ။အဲ့မှာကားပြန်လှည့်ရဝာာခက်လို့ ဒီကနေပဲဆင်းလို့ရမလား။ငါမင်းဆီက ငွေမယူတော့ပါဘူး။"

ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]Where stories live. Discover now