"ဘာလဲ?"
လဲ့လဲ့ရဲ့လက်ညိုးညွှန်းပြတဲ့ နေရာကိုကြည့်လိုက် တော့ ချုးရှောင်ရဲ့ပုံကို တွေ့လိုက်ရတယ်..
သူရှက်သလိုခံစားလိုက်ရတယ်။လင်းဖန်က ချောင်းဆိုးလိုက်ပြီး
"သူကဘာမှမဟုတ်ဘူး"လဲ့လဲ့ရဲ့ ခေါင်းလေးကသူ့ဘက်ကိုလှည့်လာပြီး
"အဲ့တာဘာကိုဆိုလိုတာလဲ?"သူက စားပွဲပုံမှာတင်ထားတဲ့ လူပုံနဲ့ပတ်သတ်ပြီး အရမ်းကိုစပ်စုချင်နေတယ်ဆိုတာ ထင်ရှားပါတယ်။
"သူကမင်းရဲ့အဖေလား ဖန်းဖန်း?"
"မဟုတ်ဘူး..."
"ကျွန်တော်သိပြီ! သူက မင်းရဲ့မိန်းမမို့လား!?"
ဒီတစ်ခါမှာတော့ လင်းဖန်ပါးစပ်ထဲကရေတွေအကုန်လုံးပန်းထွက်ကုန်ပြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးတော့သည်။
"မဟုတ်ဘူး...သူမဟုတ်ဘူး...မင်းဘာလို့ ငါနဲ့သူနဲ့ကြားက ဆက်ဆံရေးကို အရမ်းစပ်စုနေရတာလဲ?"
"အိုး"
လဲ့လဲ့က လက်ညိုးလေးတွေကို ချိတ်လိုက်ပြီး
"လင်းဒါကပြောတယ် မွေးစားလိုက်တဲ့ မိသားစုဝင်တိုင်းကိုမှတ်မိအောင်ကြိုးစားပြီး သူတို့ကိုစတင်ပြီး နှုတ်ဆက်ရမယ်တဲ့ အဲ့တာဆို သူတို့က သဘောကျသွားမယ်လို့ပြောတယ်""အဲ့လိုမျိုးလုပ်ရင် မင်းကို ဂေဟာကို ပြန်ပို့မှာမဟုတ်ဘူး..ဟုတ်တယ်မလား?"
လင်းဖန်က စကားကိုဖြတ် ပြောလိုက်သည်။သူက စိမ်းလန်း သောသစ်ပင်များဂေဟာရဲ့ သင်ကြားပုံကို သဘောမတူပါ။
"ငါမင်းကို ဂေဟာကိုပြန်ပို့မှာမဟုတ်ဘူး။ပြီးတော့ပုံထဲကလူကလည်း ငါတို့ရဲ့မိသားစုဝင်မဟုတ်ဘူး အဲ့တာကြောင့် သူဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး"
"အိုး"
"မင်းက ကလေးပဲရှိသေးလို့ ကလေးလိုပဲ ပြုမူသင့်တယ်။ ကောင်းတဲ့အရာတွေကို စိတ်ထဲမှာထားပြီး စိုးရိမ်စရာတွေကိုမေ့ပစ်ရမယ် နားလည်လား?"
'လဲ့ဝူက ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်တယ်။ လင်းဖန်က လဲ့လဲ့ကို လဲ့ဝူလိုမဖြစ်စေချင်တာ ကြောင့် ကောင်းမွန်စွာ ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ထားတယ်'
![](https://img.wattpad.com/cover/376751488-288-k643101.jpg)
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...