လင်းဖန် ကျောင်းကနေထွက်ခွာပြီး
ဆေးရုံကိုမသွားပဲ အိမ်သို့ တန်းပြန်ခဲ့သည်။ဉီးခေါင်းပေါ်ရှိ ဒဏ်ရာသည် ခြောက်သွေ့သွားပြီး အနာဖေးများပေါ်လာသည်။
သူ့အရင်ဘဝက မှတ်ဉာဏ်အတိုင်း
လင်းဖန်သည် သူနေထိုင်ခဲ့သည့်နေရာကို ပြန်သွားခဲ့သည်။ထိုနေရာက 1990ခုနှစ်များတွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံဟောင်းတစ်ခုဖြစ်သည်။
သူ့တိုက်ခန်းမှာ ကျဉ်းမြောင်းပြီး ဧည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာ ပါရှိသည်။
အခန်းမှာ ရှုပ်ပွနေပြီး အနည်းငယ်ညစ်ပတ်နေသည်။
ထိုတိုက်ခန်းတွင် သူတစ်ေယာက်ထဲသာ နေထိုင်သည်။သူ့အဖေနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေသူ့မှာမရှိဘူး။ သူ့အမေကတော့ သူ့ကို ဝန်ထုတ်ဝန်ပိုးတစ်ခုလို သတ်မှတ်ထားတယ်။
လွန်ခဲ့တဲ့ ငါးနှစ်က သူ့အမေက သူ့ကိုစွန့်ပစ်ပြီး နောက်အိမ်ထောင်ပြုသွားခဲ့သည်။
အကယ်၍ သူမက လစဉ် ယွမ်၃၅၀ကိုသာ ဘဏ်အကောင့်ထဲကိုမပေးသွင်းပါက သူမကိုမေ့သွားလိမ့်မည်မှာ သေချာသည်။အဲ့တာကြောင့်လည်းအချစ်နှင့်နွေးထွေးမှုကို လိုချင်ခဲ့တာဖြစ်နိင်သည်.....
သူ့အကျီက သွေးတွေဖုန်တွေနဲ့ ဖြစ်နေသောကြောင့် သူ့အကျီကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး မှန်ရှေ့မှာရပ်လိုက်သည်။
အသက်၁၇နှစ်အရွယ်ကောင်လေးတစ်ယောက်က အရပ်၁၆၀အောက်ရှိနေတာက ပုံဖော်ဖို့တောင်ခက်ခဲသည်။ သူကပိန်ပါးပြီး အဟာရချို့တဲ့နေပုံ ပေါ်သည်။
ယွမ်၃၅၀သည် ကြီးထွားစအရွယ် ယောကျာ်းလေးတစ်ယောက်အတွက်တော့ လုံလောက်မှုမရှိသည်မှာ သံသယဖြစ်နေစရာတောင်မလိုပေ။သူဆံပင်မညှပ်ရတာ အရမ်းကြာပြီ သူ့ရဲ့ ဆံပင်တွေက သွေးစတွေ ဖုန်တွေစွန်းထင်နေပြီး
သူ့ရဲ့ ကျောင်းဝတ်စုံကလည်း တွန့်ကြေနေတယ်။ ပြောရရင်တော့ သူ့တစ်ကိုယ်လုံး ညစ်ေပနေသည်။အခန်းရဲ့ အလင်းရောင်က မှိန်ဖျော့နေပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ ကြယ်တွေလို တောက်ပနေသည်။ ထိုအချက်မှ လွဲ၍သူ့ဆီမှာ ကောင်းတဲ့အချက်တွေ တစ်ခုမှမရှိပါ။
YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...