သူရုံးခန်းထဲသို့မရောက်မှီဒေါသတကြီးအော်ပြောနေကိုကြားလိုက်ရသည်။
"မင်းတို့ဘယ်လိုတောင် မင်းတို့ရဲ့အတန်းဖော်နဲ့ ရန်ဖြစ်ရဲရတာလဲ? ဟမ်! ငါ့ကိုငြင်းဖို့မကြိုးစားနဲ့။ လုံခြုံရေးတွေက ဘယ်လိုဖြစ်တာလဲဆိုတာ မြင်ပြီးပြီ။"
ထိုအသံက သင်ကြားရေးဒါရိုက်တာရဲ့ အသံဆိုတာ သူမှတ်မိလိုက်သည်။'ဟမ်..ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်လဲ အရင်ဘဝကပြောခဲ့တဲ့ စကားလုံးအတိုင်းပဲ သူတိတိကျကျ ပြန်ပြောနေတယ်။'
လို့လင်းဖန်တွေးလိုက်သည်။သူတိတ်တိတ်ပဲနေလိုက်သည်။ လုံခြုံရေးအစောင့်တွေ သူရိုက်ခံနေရတာကိုမြင်ရက်နဲ့ ဘာကြောင့်မတားတာလဲဆိုပြီး မေးမနေတော့ပါ။
"မင်း..."
လင်းဖန် ချဉ်းကပ်လာတာနှင့် အမျှ သင်ကြားရေးဒါရိုက်တာသည် လင်းဖန်ခေါင်းပေါ်မှ ဒဏ်ရာကိုမြင်လိုက်ရသဖြင့် သူ့အသံမှာ ခေတ္တရပ်တန့်သွားခဲ့သည်။
"အမ်းး.,ကောင်းပြီ။ ,မင်းအမှားကိုမင်းသိမယ်လို့ ငါထင်တယ် သွားပြီးတော့ မင်းရဲ့ အတန်းပိုင်ဆရာကို ရှင်းပြလိုက်။ ပြီးရင် အိမ်ပြန်ပြီး မင်းရဲ့မိသားစုကိုဆေးရုံကိုလိုက်ပို့ပေးဖို့ပြောလိုက်အုံး။"
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လင်းဖန်ကျောင်းမှာ မူးလဲမှာကိုတော့ သူအလိုမရှိပါ။
"ဟုတ်ကဲ့"
လင်းဖန်က တိုးညှင်းသောအသံဖြင့် ပြန်ပြောလိုက်သည်။ အနည်းဆုံးတော့ စာလုံးသုံးထောင်ကျော်ရှိတဲ့သုံးသပ်ချက်ရေးနေစရာမလိုတော့ဘူး။
........
လင်းဖန် ရုံးခန်းထဲကို လမ်းလျှောက်လာတော့ ယောကျာ်းတစ်ယောက်ပြတင်းပေါက်အနီးမှာ ထိုင်နေတာကိုတွေ့လိုက်သည်။
လော့လိ သည် သူ၏အတန်းပိုင်ဆရာလည်းဖြစ်သလို သချ်ာဆရာလည်းဖြစ်သည်။
အဲ့တာအပြင် ဘာထပ်ရှိသေးလဲ....
ဟုတ်တာပေါ့...သူလော့လိကိုသဘောကျပြီး
သူ့အတွက် အရာအားလုံးကိုစွန့်လွှတ်ခဲ့သည်။

YOU ARE READING
ပြန်လည်မွေးဖွားလာပြီးနောက် ငါ့ရဲ့နတ်ဆိုးဆန်တဲ့စိတ်ကနိုးထလာတယ် [ဘာသာပြန်]
Romanceအရင်ဘ၀တုန်းကလင်းဖန်သည်ကြာပန်းဖြူကိုမှချစ်မိသွားပြီးသနားစရာကောင်းတဲ့ဘ၀နဲ့အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်,ထက်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ ကြာပန်းဖြူအတွက်လား?, စိတ်မကောင်းပါဘူး ငါ့မှာမင်းနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ မရှိတေ...