ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် ( ၃၁ )
Chapter-12
(မျှော်လင့်ချက်မဲ့သော အခြေအနေ)
ဧကရာဇ် ကြယ်တာရာချောက်၏ နယ်မြေ, ချီရှားတောင်…..
ယီယွမ်နှင့် ရှစ်ဟောက်ရန်တို့က ဘေးချင်းယှဉ်၍ လမ်းလျှောက်လာခဲ့ကြ၏။
"ဆရာကြယ်တာရာချောက်မှာ စုစုပေါင်း တပည့်ခုနှစ်ယောက်ရှိတယ်… မင်းက ရှစ်ယောက်မြောက် တပည့်ပဲ… ဒါပေမဲ့ မင်းက အရည်အချင်း အမြင့်မားဆုံး တစ်ယောက်ပါ….." ရှစ်ဟောက်ရန်က ပြောလိုက်သည်။
ယီယွမ်က ပြုံး၍ ပြောခဲ့၏။ "ဂိုဏ်းတူအစ်ကိုရဲ့ လေသံက အဲဒီစကားကို ပြောလိုက်တဲ့အခါ စောစောကနဲ့မတူဘဲ လူနှစ်ယောက်လို ဖြစ်သွားတယ်… ကောင်းကင်ရဲ့
အောက်မှာရှိတဲ့ အရာအားလုံးကို အထင်သေးတဲ့ အော်ရာမျိုး မပါရှိဘူး….."လမ်းတစ်လျှောက် ယီယွမ်နှင့် ရှစ်ဟောက်ရန်တို့က စကားပြောလာခဲ့ကြရာ ဤပုဂ္ဂိုလ်က သူ၏စိတ်နေစိတ်ထားနှင့် အလွန်တူနေကြောင်း ယီယွမ်က ခံစားခဲ့ရသည်။ စကားပြောဆိုမှုနှင့် အပြုအမူအရာတွင် စည်းကမ်းရှိမှု ကွာခြားကြပြီး သူ၏အမြင်တွင် တည်ငြိမ်ပြီး ရင့်ကျက်နေခဲ့သော အကြီးဆုံးဂိုဏ်းတူအစ်ကို ရှစ်ဟောက်ရန်က ရန်ကြွေးနှင့်ကျေးဇူးကို အလျင်အမြန် ဖြေရှင်းတတ်သော အရိပ်အယောင်အချို့ ရှိနေခဲ့၏။
ရှစ်ဟောက်ရန်က ရယ်မော၍ ပြောလိုက်သည်။ "နိမ့်ကျတာက နိမ့်ကျတာပဲလေ… လောကကို မကျေမနပ်ဖြစ်နေစရာ မလိုပါဘူး… ဒဏ္ဍာရီလာနယ်ပယ်… ငါ့ကိုအသာထားလိုက်ဦး… ဆရာကိုယ်တိုင်တောင် အဲဒီလိုမလုပ်နိုင်ဘူး… အဲဒီတစ်ချက်နဲ့တင် ငါကမင်းထက် နိမ့်ကျပါတယ်ကွာ….."
"ကံကောင်းသွားတာပါ….."
သို့သော် ရှစ်ဟောက်ရန်က ထိုသို့မတွေးပေ။ "ကံကောင်းတယ်ဆိုတာက စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပါ… အလယ်အလတ်အဆင့် မှော်ဆေးပညာရှင် ဂရန်းမာစတာအဆင့်က ဘယ်သူ့ကိုမဆို ခေါ်လာခဲ့ရင်တောင် သူတို့က ထုံယုံချန်ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး… အနည်းဆုံးတော့ ငါကမင်းအဆင့်မှာဆိုရင် မင်းလိုလုပ်နိုင်မှာ မဟုတ်ဘူးလေ….."
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...