ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(41)
Chapter-8
(သေဒဏ်စီရင်ခြင်း)
ဤတစ်ကြိမ်တွင် ရန်ဟုန်လင်က အားတင်းထားခဲ့၍ သတိလစ်မသွားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်၌ ယီဟန်၏အသက်က ချောက်ကမ်းပါးအစွန်၌ ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း သူမက သိရှိထားခဲ့၍ဖြစ်သည်။ သူမက ယီဟန်ကို သေချာပေါက် သွားကယ်ရပေမည်။
သူမ၏အင်အားက မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိခဲ့ရဘဲ ရန်ဟုန်လင်က ရန်ယွီကျဲကို ဘေးသို့တွန်းဖယ်၍ တံခါးအပြင်သို့ထွက်သွားရန် ကြိုးစားလိုက်၏။
"အာ… အဆုံးမဲ့တွေ့ဆုံပွဲကြီးမှာ ပါဝင်ဆင်နွှဲတဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့က လူငယ်လေးက ယီယွမ်မဟုတ်လား… ဖြစ်နိုင်တာက… ညီမလေးရဲ့သားက သူများဖြစ်နေမလား… ဒါပေမဲ့ အဲဒါကဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ….."
ရန်ယွီကျဲက ရုတ်တရက် သတိရသွားခဲ့ပြီး ယီယွမ်က မည်သူဖြစ်သည်ကို နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။
ယမန်နေ့က တွေ့ဆုံပွဲပြီးနောက် အဆုံးမဲ့မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ကြပြီး ယီယွမ်က မြောက်ပိုင်းကုန်းမြေ၏ ထိပ်တန်းပုဂ္ဂိုလ်များအကြား၌ ထင်ရှားကျော်ကြားနေသော လူတစ်ယောက်ဖြစ်လာခဲ့ပေ၏။
ဒီလိုမွန်းစတားဆန်တဲ့ လူငယ်လေးက တကယ်ပဲ ငါ့တူလေးဖြစ်နေတာလား…..
သူ၏ခန္ဓာကိုယ်က လှုပ်ရှားသွားခဲ့ပြီး ရန်ဟုန်လင်ကို လျင်မြန်စွာပင် လိုက်မီသွားခဲ့ပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်မကို သွားခွင့်ပေးပါ… ကျွန်မယောက်ျားကို သွားကယ်ရမယ်….." ရန်ဟုန်လင်က အတင်းရုန်းဖယ်နေခဲ့၏။
"နေပါဦး… မင်းရဲ့သားက ယီယွမ်လို့ပြောလိုက်တာလား… သူက ငြိမ်သက်တိမ်တိုက်အဖွဲ့ဆိုတဲ့ အဖွဲ့ငယ်လေးတစ်ခုကလား….." ရန်ယွီကျဲက မေးမြန်းလိုက်သည်။
"အစ်ကိုကြီးက ဘယ်လိုသိတာလဲ….." ရန်ဟုန်လင်က မှင်တက်သွားခဲ့ပြီး ရုန်းဖယ်နေသည်ကို ရပ်တန့်ခဲ့၏။ သူမ၏နှလုံးသားက ပို၍မြန်ဆန်စွာ ခုန်သွားခဲ့ပေသည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...