ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(44)
Chapter-12
(မြို့များကို သုတ်သင်ရှင်းလင်းခြင်း)
အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်၏ မျက်နှာအမူအရာက အလိုအလျောက်ပင် ပြောင်းလဲသွားခဲ့ပြီး သူက အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။ "ကောင်းပြီ… မင်းက အရည်အချင်းရှိတယ်ဆိုတာ ငါမြင်ခဲ့မိလို့ မင်းကို အကြံပေးခဲ့တာပဲ… မင်းဘာသာမင်း သေချင်နေတယ်ဆိုမှတော့ ငါ့ကို အပြစ်လာမတင်တော့နဲ့… မင်းရဲ့အရည်အချင်းက ကောင်းမွန်နေပေမဲ့ မင်းရဲ အခြေအနေက မတည်ငြိမ်သေးဘူး… တကယ်လို့ မင်းက ဒီနေ့မသေဘူးဆိုရင်တောင် အနာဂတ်မှာ မင်းရဲ့မောက်မာတဲ့အကျင့်ကြောင့် အနှေးနဲ့အမြန် သေဆုံးရလိမ့်မယ်….."
သို့ရာတွင် ယီယွမ်က ဒေါသထွက်လာခဲ့ခြင်းလည်းမရှိ စိုးရိမ်ပူပန်ခြင်းလည်း မရှိဘဲ သူက အပြုံးတစ်ခုဖြင့် ပြောခဲ့ပေ၏။ "စီနီယာရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ ကျွန်တော့်ကိစ္စကို ကျွန်တော့်ဘာသာပဲ ဆုံးဖြတ်ပါမယ်… အစစ်အမှန်နဂါးသွေးက အစွမ်းထက်လွန်းတယ်… တကယ်လို့ ကျွန်တော်က အဲဒီနဂါးသွေးရဲ့ အစွမ်းကို
အကုန်အစင် မထုတ်ဖော်နိုင်ခဲ့ရင် အဲဒါက နတ်ဘုရားရဲ့ လက်ဆောင်ကောင်းကို ဖြုန်းတီးပစ်လိုက်တာပဲလေ… ခင်ဗျား သဘောမတူဘူးလား စီနီယာ…..""ဟမ့်… အားလုံးက မင်းသဘောအတိုင်းပဲ….." အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်ပြီး ပျောက်သွယ်သွားခဲ့သည်။
ယီယွမ်က သူ၏လက်ထဲမှ အစစ်အမှန်နဂါးသွေးကို ကြည့်၍ ကူရာကယ်ရာမဲ့စွာဖြင့် လေပူများ မှုတ်ထှုတ်လိုက်ပေ၏။
ဤတစ်ကြိမ် ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားခရီး၌ ရရှိသော အကျိုးကျေးဇူးများက အလွန်များပြားမည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။
အမည်မဲ့သဘာဝစွမ်းအင်၊ ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်နှင့် စာလုံးကိုးခု အစစ်အမှန်လောကကျမ်းတို့က ထိပ်တန်းအဆင့် ရတနာများဖြစ်ကြသည်။ နတ်ဘုရားနယ်မြေတွင်ဆိုလျှင်ပင် ထိုအရာများကို တွေ့ရှိရန်ခက်ခဲပေ၏။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...