ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(34)
Chapter-2
(လက်ရည်တူညီခြင်း)
"ရွှယ်ကျစ်ဟဲ… မင်းက အလုပ်ကို အာရုံစိုက်ပြီးတော့ အားစိုက်ထုတ်မှုမှာ မပေါ့လျော့နဲ့နော်….." ဟောင်ဝမ်ချိုးက ပြောလိုက်သည်။
"စိတ်အေးအေးထား… ဒီအောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတို့ကို ငါက ကောင်းကောင်း ခွဲခြားနိုင်ပါတယ်… အခြားအရာတွေကို ဒီလူရမ်းကားကိစ္စ ရှင်းပြီးတဲ့နောက်မှ ပြောကြတာပေါ့….." ရွှယ်ကျစ်ဟဲက ပြန်ပြောခဲ့၏။
"ဒါဆိုရင် အကောင်းဆုံးပေါ့… သွားမယ်….."
ဟောင်ဝမ်ချိုး၏ စကားဆုံးသည်နှင့် လူနှစ်ယောက်၏ ခန္ဓာကိုယ်က သူတို့ရပ်နေသောနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ အမြန်နှုန်းက နားလည်နိုင်စွမ်းထက် ပိုမိုမြန်ဆန်နေခဲ့ပြီဖြစ်၏။ စောစောကတိုက်ပွဲတွင် ဝမ့်ကျဲ၏ အမြန်နှုန်းက သူတို့နှစ်ယောက်နှင့် ယှဉ်လိုက်လျှင် ခရုတစ်ကောင်ကဲ့သို့ နှေးကွေးလှပေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ယီယွမ်၏ ခန္ဓာကိုယ်က သူ၏ မူလနေရာမှ ပျောက်ကွယ်သွားခဲ့၏။
ထန်….. ထန်….. ထန်…..
သတ္ထုချင်း ထိခတ်သံများက အတွဲလိုက် ထွက်ပေါ်လာခဲ့သည်။ စင်အောက်မှ သိုင်းပညာရှင်များက ဤလူသုံးယောက်၏ အပြုအမူများကို မြင်တွေ့နိုင်ခြင်း မရှိခဲ့ပေ။ တိုက်ခိုက်မှုမှ ကျန်ရစ်ခဲ့သော ပုံရိပ်များကသာ သူတို့သုံးယောက်က ပြင်းထန်သော တိုက်ပွဲတစ်ခု၏ အထွတ်အထိပ် အခြေအနေ၌ ရောက်ရှိနေကြောင်း သူတို့က ခန့်မှန်းသိရှိခဲ့ကြပေ၏။
ဟောင်ဝမ်ချိုးနှင့် ရွှယ်ကျစ်ဟဲတို့က အလွန်လျင်မြန်နေခြင်းမှာ လူတိုင်း ကြိုတင်ခန့်မှန်း ထားခဲ့ပြီးဖြစ်သည်။
သို့သော် ယီယွမ်က ထိုနှစ်ယောက်၏ အမြန်နှုန်းကို အမှန်တကယ် လိုက်မီနိုင်ခဲ့မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ခြင်းမရှိပေ။
နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရသည့်တိုင် သူတို့က အသာစီးရယူနိုင်စွမ်း လုံးဝမရှိခဲ့ကြပေ။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...