ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(35)
Chapter-3
(ရှင့်ကိုနာကျင်စေခဲ့မိပြီ)
လေအင်ပါယာက သူ၏ ခေါင်းကို အနည်းငယ်လှည့်၍ ရှောင်ရူယန်ကို ကြည့်လိုက်သည်။ ယီယွမ်က ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ နှလုံးသားထဲတွင် စိုးရိမ်သွားခဲ့၏။
ဤလေအင်ပါယာက စိတ်သဘောထား ကောင်းမွန်သော လူတစ်ယောက်မဟုတ်ကြောင်း သူက သိနေခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။
သူ၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကမ္ဘာနှစ်ခုအကြားတွင် စစ်ပွဲတစ်ခု ဆင်နွှဲခဲ့ခြင်းကြောင့် ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်က မည်သို့ပင် ကြည့်ရှုစေကာမူ ခက်ထန်ကြမ်းကြုတ်ပြီး ရည်မှန်းချက်ကြီးမားသည့် လူတစ်ယောက်ဖြစ်ပေ၏။
ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်က အားနည်းသော အမျိုးသမီးငယ်လေးကို မည်သည့်အတွက် သနားနိုင်မည်နည်း။
"မင်း,ဒီမိန်းကလေးက မင်းအတွက် ဘာကကောင်းမွန်လဲဆိုတာ မသိဘူးပဲ… နောက်ထပ်ကမ္ဘာတစ်ခုက မူမမှန်တဲ့ လူတစ်ယောက်ကို သက်ညှာပေးဖို့အတွက် တကယ်ကူညီပေးနေတယ်… ရှောင်မိသားစုက ငါတို့ကို မျိုးရိုးစဉ်ဆက် သစ္စာခံလာခဲ့ပြီးတော့ ဒီဟာက ငါတို့ကို မင်းပြန်ပေးဆပ်လိုက်တဲ့ အရာလား… ကောင်းပြီလေ… မင်းက သေချင်နေမှတော့ ငါတို့က မင်းကို ကူညီပေးရမှာပေါ့….."
လေအင်ပါယာ၏ စကားများက ခံစားချက်တစ်ခုတစ်လေမှ ပါဝင်ခဲ့ခြင်းမရှိဘဲ ထိုစကားများကို ကြားလိုက်ရသော လူများက သူတို့၏ နှလုံးသားထဲမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုတစ်ခုကို ခံစားခဲ့ရသည်။
"မလုပ်နဲ့….." ယီယွမ်က အော်ဟစ်လိုက်၏။
သို့သော် ကျောက်ထျန်းရင်က ထိုအရာကို မကြားခဲ့သလိုမျိုး ပြုမူနေခဲ့၏။ သူ၏လက်ကို အနည်းငယ် မြှောက်လိုက်သည်ကိုသာ မြင်လိုက်ရပြီး သူ၏ လက်ညှိုးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ကြယ်အလင်းတစ်ခုက ရှောင်ရူယန်၏ နှလုံးသားဆီသို့ ကြယ်တံခွန်တစ်ခုသဖွယ် ပျံသန်းသွားခဲ့၏။
ČTEŠ
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...