ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(39)
Chapter-3
(သူရဲကောင်းဖိတ်ကြားခြင်း)
"ဝေါ့….."
ပေါင်စန်းကွေ့က သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး သူ၏ အတွင်းကလီစာများက အမှန်တကယ်ပင် ပြင်းထန်သော တုံ့ပြန်အားကြောင့် ဒဏ်ရာရရှိသွားခဲ့ကြ၏။
"ဒီမဟာဝင်္ကပါက… ဘာလို့ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ….." ပေါင်စန်းကွေ့က အသက်ကို ခက်ခက်ခဲခဲ ရှူသွင်း၍ သူ့ကိုယ်သူ ပြောဆိုလိုက်သည်။
မူလက ငြိမ်သက်တိမ်တိုက်အဖွဲ့ကို သူက အသာအယာ ဖျက်ဆီးရန် တွေးထားခဲ့၏။ သူကသာ သွေးအန်သွားရမည်ဟု မည်သူက သိရှိခဲ့မည်နည်း။
ပေါင်စန်းကွေ့က ငြိမ်သက်တိမ်တိုက်အဖွဲ့ တံခါးရှေ့တွင် မတ်တတ်ရပ်လိုက်သော်လည်း မယုံနိုင်စွာဖြင့် ရှက်ရွံ့နေခဲ့သည်။
အခွင့်ထူးခံ လှည့်လည်စစ်ဆေးသူဖြစ်သည့် သူက အခြားသူများ၏ တံခါးအပြင်ဘက်တွင် တစ်ယောက်တည်း ပြုမူနေသလို ဖြစ်နေခဲ့ရ၏။ လုံးဝပင် အရှက်ရဖွယ် ကိစ္စတစ်ခု ဖြစ်သည်။
သို့သော် သူက ဤအတိုင်း ဝူဖန့်မြို့သို့ ပြန်သွားလျှင် သူ့အထက်လူကြီးများကို မည်သို့ ရှင်းပြရမည်နည်း။
ကောင်းကင်ဘုံမိစ္ဆာအဖွဲ့ ဖျက်ဆီးခံရပြီး လှည့်လည်စစ်ဆေးသူဖြစ်သည့် သူက ကောင်းကင်ဘုံမိစ္ဆာအဖွဲ့ကို မည်သူက ဖျက်ဆီးသွားသည်ကိုပင် မသိခဲ့ရပေ။ ပြန်သွားမည်ဆိုလျှင် ရှင်းပြစရာပင် ရှိမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ တာဝန်က ဝူဖန့်မြို့ကို နောက်လိုက်အင်အားစုများအကြောင်း သတင်းပို့ပေးရန် ဖြစ်၏။
ကောင်းကင်ဘုံမိစ္ဆာအဖွဲ့က ဤသို့သေးငယ်သော အဖွဲ့တစ်ခု၏ အစားထိုးခြင်း ခံလိုက်ရသည့်တိုင် ထိုအရာက ဝူဖန့်မြို့အတွက် ပြဿနာကြီးတစ်ခု မဟုတ်ပေ။ သို့သော် ပေါင်စန်းကွေ့အတွက် ပြစ်ဒဏ်ကို ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ပေ။
"ငြိမ်သက်တိမ်တိုက်အဖွဲ့ကလူတွေ နားထောင်ကြစမ်း… မင်းတို့က လှည့်လည်စစ်ဆေးသူဖြစ်တဲ့ ငါ့ကို စော်ကားတာက ဝူဖန့်မြို့ကို စော်ကားတာနဲ့ အတူတူပဲ… နောက်ရက်အနည်းငယ်အတွင်းမှာ ဝူဖန့်မြို့က ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားကျယ်ပြန့်မှုကို မသိတဲ့ မင်းတို့အရူးအဖွဲ့ကို သုတ်သင်ဖို့ ထူးချွန်သူတွေ စေလွှတ်လိမ့်မယ်….."
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...