ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(44)
Chapter-9
(မီးဓာတ်မဟာအသိနှစ်ခု)
"ဟားဟား… အစ်ကိုကြီးခွိုက်… ကျွန်တော်ဝင်လာပြီနော်….." ယီယွမ်က ကျယ်လောင်စွာရယ်မော၍ ပြောဆိုလိုက်သည်။
"ဒါကိုမြည်းကြည့်လိုက်….."
ယီယွမ်ကို ထိပ်တိုက်ရင်ဆိုင်ရန် ခွိုက်လျန့်က ပြည့်စုံသော တိုက်ခိုက်မှုအစီအရင်ထဲ၌ စောင့်ဆိုင်းနေခဲ့၏။
လက်ရှိအချိန်၌ ယီယွမ်က နှောင်းပိုင်းအဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်၌ ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူ၏ ခွန်အားက အလွန်မြင့်မားသွားခဲ့ပြီဖြစ်သည်။
မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကလည်း အဆင့်မြင့်လာခဲ့ကာ ယခင်ကနှင့် လုံးဝကွဲပြားသောအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့၏။
ခွိုက်လျန့်တို့အဖွဲ့က သူတို့၏ အစွမ်းအကုန်လုံးကို အသုံးပြုခဲ့ကြသည်။ သူတို့၏ ဓာတ်အသိအားလုံးက အစစ်အမှန်အသိနှင့်အထက်အဆင့်များ ဖြစ်ပေ၏။သို့သော် ယီယွမ်၏ ပူပြင်းခြင်းအစစ်အမှန်အသိက သူတို့ကို အသာစီးရယူထားနိုင်ခဲ့သည်။
မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို တီထွင်ထားခဲ့သည်မှာ အချိန်မကြာသေးသော်လည်း ထိုသိုင်းကွက်၏စွမ်းအားက ဓားကိုးချောင်းဓားကွက်နှင့် ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်းတို့ထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။ ထိုအရာမှတစ်ဆင့် ပူပြင်းခြင်းအစစ်အမှန်အသိ၏ စွမ်းအားက မည်မျှအထိ မြင့်မားသည်ကို တွေ့မြင်နိုင်ပေ၏။
ချက်ချင်းထွက်ပေါ်သည့် ပေါက်ကွဲမှုစွမ်းအားအရာတွင်လည်း မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက အန္တိမအစစ်အမှန်အသိကို အသုံးပြု၍ ယီယွမ်တီထွင်ခဲ့သော သိုင်းကွက်ထက် ပို၍ပင် အစွမ်းထက်နေခဲ့သည်။
ပို၍ကြောက်စရာကောင်းသည်မှာ သဘာဝစွမ်းအင်အပေါ် ယီယွမ်၏ ထိန်းချုပ်မှုက အလွန်အဆင့်မြင့်နေခဲ့ခြင်းဖြစ်၏။ သူ၏ လက်သီးချက်တိုင်းက သူ၏ခန္ဓာကိုယ်ရှိ ခွန်အားအကုန် အသုံးပြုရသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သဘာဝစွမ်းအင် အများကြီး မသုံးစွဲခဲ့ရပေ။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...