ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(45)
Chapter-10
(ဂျီးနီးယပ်တစ်ယောက်၏ မလျှော့သောမာန)
"ကောင်းပြီလေ… ဒီလိုဆိုရင် ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်….."
အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်၏ စကားအဆုံး၌ နဝမအလွှာတစ်ခုလုံးက မှုန်ဝါးဝါးဖြစ်လာခဲ့သည်။
ယခု သူ၏လက်ဝါးကို မြှောက်လိုက်သည်ကိုသာ မြင်လိုက်ရ၏။ အလွန့်အလွန် ပြင်းထန်လွန်းသော အော်ရာတစ်ခုက အရက်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ဧရာမမိုးပြာရောင်နဂါးတစ်ကောင်က တဖြည်းဖြည်းဖြင့် ထင်ရှားစွာထွက်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်၏ အနီးတွင် ရစ်ခွေနေခဲ့ကာ ထိုနဂါး၏ မျက်နှာ၌ ရဲရင့်မှုများ ပေါ်နေခဲ့ကာ ယီယွမ်ကို ကြည့်နေခဲ့၏။
ဤအရာက ဓမ္မပုံရိပ်တစ်ခုသာ ဖြစ်ကြောင်းကို သိရှိသော်လည်း ယီယွမ်က ပြင်းထန်သောဖိအားကို ခံစားနေခဲ့ရသည်။
ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့ပြီး ယီယွမ်၏ ဝတ်ရုံလက်စကို လှုပ်ခါသွားစေခဲ့၏။လက်ဝါးချက်ကို ထုတ်ဖော်ရခြင်းမရှိသေးပေ။ ကောင်းကင်ကို ဖျက်ဆီးပြီး မြေပြင်ပေါ်ရှိ အရာရာတိုင်းကို ပျက်စီးစေနိုင်သော အော်ရာအရှိန်အဝါတစ်ခုက ထွက်ပေါ်နေခဲ့ပြီဖြစ်သည်။
"ဒီရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးက မိုးကောင်းကင်ကို အင်အားသုံးဖျက်ဆီးနိုင်တယ်လို့ နာမည်ကျော်ကြားတယ်… တကယ်ကို နာမည်နဲ့ လိုက်နေတာပဲ… သူက သူ့ရဲ့ ကျင့်စဉ်နယ်ပယ်ကို အဆင့်(8) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ရောက်ရှိအောင် နှိမ့်ချထားပြီးတော့ အစစ်အမှန်နဂါးရဲ့ ခွန်အားကို ၂၀ရာခိုင်နှုန်းပဲ အသုံးပြုထားတယ်… ဒီနောက်ဆုံးလက်ဝါးက တကယ်ကိုပဲ အဲဒီလိုစွမ်းအားမျိုး ရှိနေတယ်….."
အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်၏ လက်ဝါးချက်က ယီယွမ်မျှော်လင့်ထားသည်ထက် အများကြီး ပိုအစွမ်းထက်ပေ၏။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...