ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(34)
Chapter-6
(ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ… ငါလည်း အဲဒါကိုသိတယ်)
ကျောက်ချန်ကန်း၏ အဆင့်တက်ရောက်မှုက အချိန်ကြာမြင့်ခြင်းမရှိခဲ့ပေ။ မကြာမီအချိန်အတွင်း သဘာဝစွမ်းအင်မုန်တိုင်းက ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ကျောက်ချန်ကန်း၏ အော်ရာက အလွန်မြင့်မားစွာ မြင့်တက်သွားခဲ့ပြီး အဆင့်(7) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်၌ ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်ခဲ့၏။
သူက ယီယွမ်ကို အေးစက်သော အပြုံးတစ်ခုဖြင့် ကြည့်၍ ပြောလိုက်သည်။ "အခု မင်းက မင်းရဲ့မိုက်မဲမှုအတွက် နောင်တရနေပြီမဟုတ်လား… ဒါပေမဲ့ အခုတော့ တော်တော်လေး နောက်ကျသွားခဲ့ပြီ… ဒီမင်းသားကို ရန်စစော်ကားတာက ဒီဘဝမှာ မင်းရဲ့ ဝမ်းနည်းစရာ ကောင်းမှုတစ်ခုပဲ….."
အဆင့်များ ကျော်ဖြတ်၍ တိုက်ခိုက်နိုင်ခြင်းမှာ ကျောက်ချန်ကန်းအတွက် ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူပေ၏။ သာမန်နှောင်းပိုင်းအဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များက သူ၏ရှေ့တွင် မောက်မာဝံ့ကြွားရန် အင်အားလုံးဝမရှိကြပေ။
အထွတ်အထိပ်အဆင့် ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များပင် ကျောက်ချန်ကန်းကို အလွယ်တကူ သတ်ဖြတ်နိူင်စွမ်းမရှိပေ။
ယနေ့ ဤတစ်ကြိမ်က သူ့အတွက် တစ်စုံတစ်ယောက်က သူ့အား အဆင့်များ ကျော်ဖြတ်၍ တိုက်ခိုက်လာခြင်းဖြစ်သည်။
ထို့ပြင် ထိုအရာက သာမန်အဆင့် တစ်ခုနှစ်ခု မဟုတ်ဘဲ အဓိကနယ်ပယ်တစ်ခုဖြစ်၏။
ဤတစ်ကြိမ်က ကျောက်ချန်ကန်းအတွက် ကြီးမားသော အရှက်ရမှုတစ်ခု ဖြစ်ပေသည်။
သို့သော် ဂျိချင်က ဟောင်ဝမ်ချိုးနှင့် ရွှယ်ကျစ်ဟဲတို့ကို နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့သည့်တိုင် အနိုင်ရခဲ့သည့်အတွက် ဂျိချင်တွင် ကျောက်ချန်ကန်း၏ အရေးပါသည့် စိတ်သဘောထား ထားရှိမှုကို ရရှိရန် ထိုက်တန်မှုရှိကြောင်း လက်ခံရပေမည်။
BINABASA MO ANG
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...