ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(39)
Chapter-13
(လက်ချည်းသက်သက် ဆေးလုံးဖော်စပ်ခြင်း)
ရန်တုံ၏ ဤအပြုအမူက ယီယွမ်တို့သုံးယောက်ကို နားလည်ရခက်သွားစေခဲ့သည်။
"ခင်ဗျားဘာလုပ်နေတာလဲ….." ယီယွမ်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
"ကျွန်တော်က သခင်လေးယီကို ဆရာအဖြစ် တင်မြှောက်လိုပါတယ်… အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးတွေကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ ကျေးဇူးပြုပြီး သင်ကြားပေးပါ….." ရန်တုံက ခေါင်းမာသောအမူအရာဖြင့် ပြောဆိုခဲ့သည်။
ရန်တုံ၏ ထိုအပြုအမူက ယီယွမ်ကို အမြင်တစ်မျိုး ပြောင်းလဲသွားစေခဲ့၏။
ဤအချက်ကြောင့် သူက ရန်တုံကို အထင်မသေးခဲ့ပေ။ ထို့အတူ ထိုသို့သော လူတစ်ယောက်က မှော်ဆေးပညာရှင်ဟူသော နာမည်နှင့် ကောင်းစွာထိုက်တန်ပေသည်။
ရန်တုံ၏ အသိပညာကို မြတ်နိုးလွန်းသော စိတ်ဓာတ်ကို ယီယွမ်က ခံစားမိခဲ့၏။ ထိုသို့ ပြင်းထန်သော စိတ်ဆန္ဒကို ယီယွမ်ကိုယ်တိုင် ယခင်အတိတ်၌ ပိုင်ဆိုင်ခဲ့ဖူးပေသည်။
မှော်ဆေးပညာရှင်ဆိုသည်မှာ ကြီးကျယ်ခမ်းနားသော ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။ လူအများအပြားက အင်အားကြီးမားလာသည်နှင့် အမျှ သူတို့၏ မူလရည်ရွယ်ချက်များ ပျောက်ဆုံးသွားခဲ့ကြပြီး သာမန်အရှုပ်အထွေး ကိစ္စများတွင် နစ်မြုပ်သွားခဲ့ကာ သူတို့ကိုယ်သူတို့ ထိုအရာများမှ ရုန်းထွက်လာနိူင်စွမ်း
မရှိခဲ့ကြပေ။ထိုလူများက အရည်အသွေး အလွန်ရှိနေခဲ့လျှင်ပင် သူတို့၏ အောင်မြင်မှုများက အလွန်အမင်း အကန့်အသတ်ရှိသွားကြပေသည်။
"တကယ်လို့ မနေ့က အဆင့်အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံးကို ကံကောင်းထောက်မပြီး ဖော်စပ်နိုင်ခဲ့တယ်ဆိုရင် ဘယ်လိုလုပ်မလဲ….." ယီယွမ်က ပြောဆိုလိုက်၏။
အမှန်တကယ်တွင် ယီယွမ်က သူ့ကို တပည့်တစ်ဦးအဖြစ် အလွယ်တကူ လက်မခံနိုင်ပေ။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...