Chapter 592

1.1K 128 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-9

(ရှေ့တစ်လှမ်းတိုးခြင်း,အဆုံးမဲ့ကောင်းကင်ပြာ)

"နဝမအလွှာ… ယီယွမ်က နဝမအလွှာကို ဝင်ရောက်သွားခဲ့ပြီ… သူ… သူက လီဖန်းထျန်းကို အသာစီးရပြီးတော့ နှစ်တစ်သောင်းအတွင်း ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ….."

ယီယွမ်၏ နာမည်က နဝမအလွှာတွင် ထွက်ပေါ်လာသည်ကို အလင်းမျက်နှာပြင်ပေါ်၌ မြင်လိုက်ရ၍ ကောထောင်ချွင်က ရုတ်တရက် ရေရွတ်လိုက်သည်။

ယီယွမ်က အဋ္ဌမအလွှာသို့ ရောက်ရှိသွားကတည်းက သူတို့လေးယောက်၏ လေ့လာကျင့်ကြံမှုများက ရပ်တန့်သွားခဲ့ပြီဖြစ်၏။

အထူးသဖြင့် ယီယွမ်က အဋ္ဌမအလွှာ၌ ဆယ်ရက်ကြာ နေထိုင်ခဲ့၍ သူတို့၏ အာရုံစိုက်မှုများကို ပို၍ဆွဲဆောင်သွားခဲ့သည်။

ချီဟိုင်ကိုယ်တိုင်ပင် သူ၏ခေါင်းကိုမော့၍ အလင်းမျက်နှာပြင်ကို အချိန်တိုင်းကြည့်နေခဲ့ပြီး ယီယွမ်က နဝမအလွှာကို ဝင်ရောက်နိုင်စွမ်း ရှိမရှိအား သိချင်နေခဲ့ပေ၏။

သို့သော် ယီယွမ်က အဋ္ဌမအလွှာ၌ ကျောက်ချရပ်နားနေခဲ့ပုံ ပေါ်နေခဲ့ပြီး လုံးဝပင် လှုပ်ရှားမှုမရှိခဲ့ပေ။

ကောထောင်ချွင်တို့အားလုံးက ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ယီယွမ်က နဝမအလွှာသို့ ဝင်ရောက်နိုင်စွမ်း ရှိမရှိကို သိရှိကြရန်အတွက် နေ့စဉ်အလှည့်ကျ အလင်းမျက်နှာပြင်ကို စောင့်ကြည့်နေခဲ့ကြသည်။

ယနေ့ ကောထောင်ချွင်က နဝမအလွှာတွင် ယီယွမ်၏နာမည် ထွက်ပေါ်လာခဲ့သည်ကို နောက်ဆုံး၌ မြင်တွေ့ခဲ့ပေ၏။

သူက အော်ပြောလိုက်ပြီးနောက် လူတိုင်းက မတ်တတ်ထရပ်လိုက်ကြသည်။

နဝမအလွှာ၏ အံ့မခန်းအဆင့်မြင့်မှုကို ဤလူအားလုံး ရှင်းရှင်းလင်းလင်း သိရှိကြပေ၏။

လီဖန်းထျန်း၏ နာမည်က "နှစ်တစ်သောင်းအတွင်း နံပါတ်တစ်ပုဂ္ဂိုလ်" ဟူသောဘွဲ့ကို ရယူထားသည်မှာ အချိန်မည်မျှ ကြာမြင့်နေပြီကို မည်သူမှ မသိကြပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Hikayelerin yaşadığı yer. Şimdi keşfedin