ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(43)
Chapter-11
(ဘယ်လိုကွာခြားတာလဲ)
"သေစမ်း… ဒီအရှင်သခင်လေးက စစ်သည်တော်တွေကို တပ်လှန့်ပေးလိုက်မိတာလား… စိန်ချပ်ဝတ်ကျွဲရိုင်းတွေက ငါ့ကိုဒီနေရာမှာ စောင့်နေကြတာလား….."
သူ၏မျက်စိရှေ့မှ မြင်ကွင်းများကြောင့် ယီယွမ်က လမ်းတစ်လျှောက်တွင် ဒီမွန်းသားရဲများနှင့် မည်သည့်အတွက် မတွေ့ခဲ့ရသည်ကို နောက်ဆုံးတွင် သိရှိသွားခဲ့ပေသည်။
ဒီမွန်းသားရဲအားလုံးက ဤနေရာတွင် စုဝေး၍ တိုက်ပွဲဝင်ပုံစံဖြင့် စောင့်ဆိုင်းနေခဲ့ကြ၏။
ယီယွမ်၏ရှေ့တွင် မျက်စိနှင့်မြင်နေရသည့်နေရာမှ မိုးကုပ်စက်ဝိုင်းအထိ ကြီးမားသော ကျွဲနက်ကြီးများ ရှိနေခဲ့သည်။
ဤကျွဲနက်ကြီးများက ဒေါသတကြီးဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည့်အပြင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်စွာဖြင့် သူ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်နေခဲ့ပုံ ပေါ်နေခဲ့၏။
အမှန်တကယ်တွင် ယီယွမ်က လက်ရှိအချိန်၌ ယခင်လူများ တွေ့ကြုံခဲ့ရသည်မှာ သဲပြာသားရဲများသာဖြစ်ပြီး စိန်ချပ်ဝတ်ကျွဲရိုင်းများ မဟုတ်ကြောင်း မသိသေးပေ။
ဤစိန်ချပ်ဝတ်ကျွဲရိုင်းများက အဆင့်(3) ဒီမွန်းသားရဲများတွင် အလွန့်အလွန် အစွမ်းထက်သော အမျိုးအစားပင်ဖြစ်သည်။
ဤကျွဲနက်ကြီးများ၏ အရေပြားက အလွန်ကြမ်းတမ်းပေ၏။ သူတို့၏ အသားများက ထူထဲလှသည်။ သာမန်တိုက်ခိုက်မှုများက သူတို့၏ အကာအကွယ်ကို ထိုးဖောက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
သာမန်အခြေအနေများအောက်တွင် အထွတ်အထိပ်အဆင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် လူသားသိုင်းပညာရှင်များက အဆင့်(3) အလယ်အလတ်အဆင့် စိန်ချပ်ဝတ်ကျွဲရိုင်းများ၏ အကာအကွယ်ကို ချိုးဖျက်နိုင်ရန် နည်းလမ်းမရှိပေ။
ဤဒီမွန်းသားရဲက မည်မျှအထိ ထူးဆန်းသည်ကို တွေးကြည့်နိုင်ပေ၏။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...